I Own Her 🖤 (Part-9)

705 28 0
                                    


ဧကရီလည်းခမ်းခမ်းကိုစာသင်ရင်းအချိန်တွေကကုန်မှန်းမသိကုန်သွားကာ 3နာရီပင်ခွဲသွားပြီဖြစ်သည်

3နာရီခွဲတော့အိမ့်သူရဲ့သူငယ်ချင်းတွေအုပ်လိုက်ကြီး ကောဖီဆိုင်ထဲကို၀င်လာကြသည်
အိမ့်သူကတော့ဘုန်းထက်မြတ်သော်အထင်နဲ့ တံခါးအ၀င်ကို ခနခနကြည့်နေမိတယ်

အိမ့်သူလည်းခမ်းခမ်းလေးကိုစာပေးထားပြီးသူငယ်ချင်းတွေနား ခနသွားတော့
မြတ်လေးက ဝိတ်တာလေးကို သောက်စရာအစုံမှာနေသည်

"မိမြတ် ငါ့ကိုကော၀ယ်တိုက်ချင်ဘူးလား"

"ဘောစိမကများ ငါ့ကိုတောင်ပြန်၀ယ်တိုက်သင့်တာနော်"

"ဟားဟား နင်တို့ကလည်းအစောကြီးရောက်လာတာနော် စာသင်တာ၄နာရီမှပြီးမှာပါဆို"

"ရော် ကော်ဖီလာသောက်တာပါဆိုနေ အားမနာနေနဲ့သင်စရာရှိတာသင် သွား ဟိုမှာကလေးကိုတစ်ယောက်ထဲကြီးထားခဲ့တယ် ဒီဆရာမတော့နော်"

"သွားပြီးနော်အဲ့တာဆိုလည်း"

"ကြွပါအေ "

အိမ့်သူလည်းမြတ်လေးနဲ့ပြောပြီးခမ်းခမ်းလေးဘက်ကိုထွက်လာခဲ့တယ်

"တီချယ် သားသားကစပ်စုတာတော့မဟုတ်ပါဘူးနော် ဟိုနားကအကိုကြီးကတီချယ် ကောင်လေးလားဟင်"

"ရှင် ဒီကလေးကတော့ပေါက်ကရတွေမေးနေပြီ"

"တီချယ်‌မပြောပြချင်လည်းရပါတယ် သားသားကသိချင်လို့မေးကြည့်တာ ပါ"

စိတ်မကောင်းဖြစ်တဲ့မျက်နှာပုံစံလေးလုပ်ပြလာတော့

"အမယ်လေးရှင် အဲ့တာ တီချယ့်သူငယ်ချင်းပါ တီချယ့်မှာ ဘာကောင်လေးမှမရှိပါဘူးရှင် စပ်စုစိန်လေးရဲ့"

"ဟီးဟီးသားသားကစပ်စုစိန်‌ဟုတ်ပါဘူးနော် ဟိုအကိုကြီးကတီချယ့်ကိုပဲကြည့်နေလို့မေးကြည့်တာပါ"

"ဟုတ်ပါပြီရှင် ဟုတ်ပါပြီ စာလည်းသေချာတွက်ဦးနော်"

အိမ့်သူလည်း ခမ်းခမ်းစာတွက်တာစောင့် ရင်း ဖုန်းကိုကြည့်လိုက် သူငယ်ချင်းတွေဝိုင်းကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေချိန် တံခါးကနေလူ၀င်လာတာ‌မလို့ကြည့်လိုက်တော့

I Own Her🖤 (ongoing)Where stories live. Discover now