Ch.28 : မင်း ကိုယ်နဲ့ ကွာရှင်းချင်နေတာလား?

102 11 0
                                    

UNICODE

"ရှင်က ကျွန်မကို တစ်ခါလိမ်ဖူးပြီးသားလေ..."

ပိုင်ကျင်းက သူမဖုန်းကို ထုတ်ကာ အသံသွင်းခလုတ်ကို နှိပ်လိုက်သည်။သူမက တုံ့ဆိုင်းချင်ဆောင်ပြီး ပြောလိုက်သည်။
"ရှင်ပြောတာကို ကျွန်မ မယုံကြည်နိုင်ဘူး။"

"ကျွန်မကွာရှင်းလိုက်လို့ရတယ် ဒါပေမယ့် ရှင်က ကတိပေးထားတဲ့အတိုင်းကျွန်မကိုလက်မထပ်ရင် ဘယ်လိုလုပ်မလဲ?"

ဖုဟန်ဟာ တိတ်တဆိတ် ပျော်ရွှင်သွားခဲ့သည်။ပိုင်ကျင်းက သူ့ကိုနက်နက်ရှိုင်းရှိုင်း ချစ်နေဆဲပဲလို့ သူ ခံစားရသည်လေ။ဒါက ATM စက်ကြီးက သူ့ကို လက်ဝှေ့ယမ်းပြနေတာကို မြင်လိုက်ရသည်နှင့် တူနေတာကြောင့် သူအလျင်အမြန်ကတိပေးလိုက်သည်။
"ကျင်းကျင်း၊ကိုယ်မင်းကို ချစ်တယ်။အတိတ်တုန်းက ကိုယ်အမှားတွေ အများကြီးလုပ်ခဲ့ပြီး မင်းကို ဝမ်းနည်းစေခဲ့ပေမယ့် အဲ့လိုတူညီတဲ့အမှားမျိုးကို ကိုယ်ထပ်ပြီး ဘယ်တော့မှ ထပ်လုပ်တော့မှာမဟုတ်ဘူး!"

"ဒါဆို  ပိုင်ယွဲ့ကရော?အခု သူမက ရှင်နဲ့စေ့စပ်ထားတဲ့သူဖြစ်နေပြီလေ..."

ပိုင်ကျင်းသည် လမ်းမီးတိုင်ကို မှီကာ သူမဖုန်းကို ဗီဒီယိုမုဒ်သို့ ပြောင်းလဲလိုက်သည်။ကင်မရာက ဖုဟန်၏ လောဘကြီးပြီး သူတော်ကောင်းယောင်ဆောင်သည့်မျက်နှာကို ချိန်ရွယ်ထား၏။

သူက လုံးဝတုံ့ဆိုင်းမနေဘဲ ချက်ချင်းပင်ပြန်ဖြေလာသည်။
"ဖုမိသားစုနဲ့ ပိုင် မိသားစုကြား လက်ထပ်ဖို့သဘောတူညီချက်က မင်းနဲ့ကိုယ့်ကြားကကိစ္စလေ။ပိုင်ယွဲ့ နဲ့ ဘာမှမဆိုင်ဘူး!။ကိုယ့်အမေက သူမနဲ့ ပတ်သက်ပြီး နည်းနည်းအထင်လွဲနေတာပဲရှိတာ။သူမကို ပိုက်ဆံနည်းနည်းလောက်လျော်ကြေးပေးလိုက်ရုံနဲ့ သူမက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ သဘောတူလိမ့်မယ်"

ပိုင်ကျင်း : "အဲ့ဒါက အလုပ်မဖြစ်ရင်ရော...."

ဖုဟန်သည် ပိုင်ကျင်းကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေမည့်စကားလုံးများကိုတွေးရင်းသူ့မျက်လုံးကို ဖြေးညှင်းစွာ လှိမ့်လိုက်မိသည်။
"လက်ထပ်တယ်ဆိုတာက လူနှစ်ယောက်ကြားက ကိစ္စ!။ကိုယ်သူမကိုမချစ်ဘူး ဒါကြောင့် ကိုယ့်ကိုအတင်းအကြပ် ဖိအားပေးလို့မရဘူး။ကျင်းကျင်း မင်းကသာ ကိုယ့် နှလုံးသားထဲက တစ်ဦးတည်းသောမိန်းကလေးပါ။"

အေးစက်သောဗီလိန်နှင့် လက်ထပ်ပြီးနောက်... [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang