"ခမ်းသော်တာကြယ်!
"အကိုရယ်ကလေးကိုမအော်ပါနဲ့"
"မင်းသမီးကခုလိုပြောနေတာတောင်အရေးလုပ်လို့လား
"ခမ်းသော်တာကြယ်ငါပြောနေတာကိုယောကြားရဲ့လား""ကြားပါတယ်ဒယ်ဒီ"
"နင်ဘာလို့အလောက်ဆိုးနေရတာလဲကျောင်းပီးတည်းကဘာမှမလုပ်ဘူးမိဘလုပ်စာထိုင်စားပီးကားပြိုင်စီးလိုက်ဆိုင်ကယ်စီးလိုက်နဲ့ အလေလိုက်နေတာခုလိုရန်ဖြစ်တော့ကောင်းလားဟမ်အတာကြောင့်ငါပြောတယ်အပေါင်းသင်းကိုကြည့်ပေါင်းပါလို့။
"ရန်ကဖြစ်ခြင်လို့ဖြစ်နေတာမဟုတ်ဘူးဒယ်ဒီသူ့တို့ဘက်ကစလို့ပြန်လုပ်တာအပေါင်းအသင်းနဲ့လဲမဆိုင်ဘူးသူတို့ကဒယ်ဒီအမြင်မာမကောင်းပေမဲ့သမီးအတွက်တော့သူငယ်ချင်းကောင်းပဲ"။
"ပြောလေဆိုးလေးပါလားဟမ်နင်ဘာသာနေခြင်သလိုနေငါမပြောလိုဘူးဒါပေမဲ့ယောကျာ်းလေးနဲ့မပေါင်းဖို့ပြောနေတာ။
"တော်ပါတော့အကိုရယ်"
"မင်းအလိုကာစီးကာစီးလုပ်နေလို့ရောင့်တက်နေတာ"
"နားညီးတယ်ဒယ်ဒီရာတစ်ခါလေးရန်ဖြစ်လာတာကိုပြောလို့မပီးတော့ဘူး။
"နောက်အပတ်ငါ့အလုပ်မာဝင်ရမယ်"
"မလုပ်ခြင်ဘူးဒယ်ဒီ"
"မလုပ်ခြင်လို့မရဘူးနင့်ကိုဒီတိုင်းလွှတ်ထားလို့မရတော့ဘူး"
"ကျစ်!.... ဒယ်ဒီတို့ကအာရုံပဲဗျာ"
"အာရုံတွေမွန်းတည့်တွေလာမလုပ်နဲ့ငါပြောတာတွေကိုသာနားထောင်။
"မာမီ...ဒယ်ဒီကိုကူပြောပေးအုံးလေ"
"မာမီလဲမတက်နိုင်တော့ဘူးကွယ်မင်းဒယ်ဒီပြောသလိုလိမ်လိမ်မာမာနေပါတော့လား"
"မာမီကလဲခုလဲလိမ်မာတယ်လေနော်ဒယ်ဒီကိုပြောပေးပါအအလုပ်တွေကိုစိတ်မဝင်စားဘူးလို့။
"ဒယ်ဒီအလုပ်တွေကိုစိတ်မဝင်စားရင်လဲသမီးဝါသနာပါတာကိုလုပ်လေကွယ်။
"မာမီတို့ကလဲအတင်းခိုင်းနေတော့တာပဲ"
"ဘဝဆိုတာရည်မှန်းချက်ရှိရမယ်လေမာမီတို့ကသမီးကိုခိုင်းနေတာမဟုတ်ပါဘူးဒယ်ဒီနဲ့
မာမီမရှိတဲ့အချိန်ကျရင်သမီးလေးဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းစေခြင်လို့ပါ။