အပိုင်း_၂၄

2.1K 113 0
                                    

"မင်္ဂလာရက်ကို ဘယ်နေ့လောက် သတ်မှတ်ကြမလဲ"

"ကျွန်တော်တို့ဘက်ကတော့ မြန်လေ ကောင်းလေးပေါ့ဗျာ သားကလဲ သိတဲ့အတိုင်း မမြမူ သမီးလေးကိုဆို သဲသဲလှုပ်။

"နောက်အပတ်  တနင်္လာနေ့လောက်ဆို အဆင်ပြေမလား။

"ရတာပေါ့ဗျာ"

"ဟုတ်ကဲ့ မုန့်တွေစားကြပါအုံး"

"စီစဉ်စရာလေးတွေလဲရှိသေးလို့ ကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ်။

"ကောင်းပါပီတော်"

"သားပြန်ကြမယ်လေ"

"နွဲ့နဲ့စကားခနလောက်ပြောအုံးမယ် အဖေ။

"ဟုတ်ပါပီကွာ"

"နွဲ့"

"ဘာပြောမာလဲ မင်းဇေ"

"ခုလိုလက်ခံပေးတာ ကိုယ်အရမ်းဝမ်းသာတာပဲ။

"ငါ့အမေ စီစဉ်တာ ငါ့သဘောဆန္ဒတစ်ခုမှ
မပါဘူး။

"အင်းပါ နင်ခုမချစ်သေးလဲ ရပါတယ်။

"ခုလဲ မချစ်ဘူး နောက်လဲ ချစ်မာ မဟုတ်ဘူး။

"မင်္ဂလာပွဲကိုအမြန်လုပ်ခြင်နေပီ အတာမှနင့်ကိုပိုင်ဆိုင်ရမာ။

"တစ်ချို့အရာတွေက ကိုယ်ထင်သလိုဖြစ်လာမာမဟုတ်ဘူးနော် သိပ်မျှော်လင့်မနေနဲ့။

"မျှော်လင့်တာ မဟုတ်ပါဘူး တကယ်ဖြစ်လာတော့မာ။

"နင့်အတွေးပါ"

"တောက်စ်!!
ဘာပဲဖြစ်ဖြစ် မင်းကိုငါပိုင်ဆိုင်ရတော့မာပါကွာ။

"မျက်နှာလဲမကောင်းပါလား သမီးဘာဖြစ်နေတာလဲ။

"ဘာမှမဖြစ်ပါဘူးမာမီရယ်"

"မာမီကိုမလိမ်ပါနဲ့ကွယ် သမီးအကြောင်းအသိဆုံးပါ ဟိုမိန်းကလေးနဲ့ အဆင်မပြေဘူးလား။

"သူနဲ့ကအဆင်ပြေပါတယ် မာမီရယ်"

"ဒါဆိုဘယ်သူနဲ့အဆင်မပြေတာလဲ"

"သူ့အမေက သမီးနဲ့သဘောမတူဘူးမာမီ။

"မာမီသမီးလေးမာ ဘာလိုအပ်ချက်တွေရှိနေလို့လဲကွယ်။

"သမီးက မိန်းကလေးတစ်ယောက်ဖြစ်လို့နေမယ်။

"ကိုယ့်ဖြစ်တည်မှုကို အပြစ်မတင်ပါနဲ့သမီးရယ် သူ့တို့ဘက်က သဘောမတူဘူးဆိုရင်တောင် သမီးက ကြိုးစားပေါ့ကွယ်။

ချစ်ခြင်းမေတ္တာပေါက်ဖွားရာWhere stories live. Discover now