"လမ်းမာဂရုစိုက်နော်"
"မာမီသက်သာရင် ငါပြန်လာခဲ့မယ်
အကျိုးအကြောင်းပြောထားလိုက်အုံးနော် အရေးကြီးတယ်ဆိုရင်လဲ ဖုန်းဆက်။"အေးပါ "
"သော်တာ ငါပြန်လိုက်ခဲ့ရမလား "
"ရတယ် ငရှိုင်း ငါပြန်လာမာ"
"အေးပါ ဟိုရောက်ရင်လဲ ဖုန်းဆက်။
"အေးအေး သွားပီနော်"
"အန်တီမြ"
"မောင်မင်းဇေ"
"နွဲ့ရှိလား မသိဘူး"
"သမီးလေးက အိမ်ပေါ်မာ ခန ခေါ်လိုက်အုံးမယ်။
"ရတယ် အန်တီမြ "
ဟို...ကျွန်တော် ပြောစရာလေးရှိလို့။"ပြောပါကွယ် အားမနာနဲ့"
"သဘက်ခါကျရင် ကျွန်တော်တို့ဘက်က လာတောင်းရမ်းပါ့မယ် အတာ ရက်ကနဲနဲစောသွား
တော့။"ရပါတယ်ကွယ် အန်တီတို့ဘက်ကအဆင်ပြေပါတယ်။
"ဟုတ်ကဲ့ အတာဆို အမေတို့ကို ပြန်ပြောလိုက်အုံးမယ်ဗျ။
"အေးပါကွယ်"
မောင်မင်းဇေတို့များ သမီးလေးကိုချစ်ရှာတာ မျက်နှာတစ်ချက် ငြိုးအောင်တောင် လုပ်မယ်မထင်ဘူး။"မထင်ပါနဲ့အုံး ကြီးမြရယ် တစ်ချို့ဆို ယူပီးမှ ဇာတိပြလာတာ။
"ရွာထဲသွားမာမလား သွားတော့ မရှည်နဲ့။
" ပြောပြတာပါ့ကြီးမြရယ် "
"ပြောပြမနေနဲ့"
"ဒီပါးစပ်ကကို ရှည်မိတာမှားတယ်။
"မိဆောင်းနှင်း"
"မလုံး"
"မသော်တာကယောဘယ်သွားတုန်း"
"သော်တာကမြို့ပြန်သွားတယ်"
"ရှင်!!
"မအော်ပါနဲ့အုံးဟယ် ပြောတာကို နားထောင်"
သော်တာအမေက ဆေးရုံတက်နေရလို့ ခုမနက်ပြန်သွားတယ် ဒါပေမဲ့ သူပြန်လာမာပါ။"မမလေးကို သဘက်ခါကျလာတောင်းရမ်းတော့မာ။
"ဘာ!!
"ဟုတ်တယ် မနက်က ကိုမင်းဇေကြီးလာပြောသွားတာ။
"၅ရက်လောက်ကြာမာဆို"