"ငါတို့ပြန်ပီနော်"
"လမ်းကိုဂရုစိုက်မောင်းကြအုံးနော်"
"အေးပါစိတ်မပူနဲ့ရောက်ရင်ဖုန်းဆက်လိုက်မယ်။
"အကို"
ကျွန်တော်တို့ပြန်ပီနော်""လမ်းခရီးမာဂရုစိုက်ပီးမောင်းကြနော်နောက်လဲလာလည်ကြအကိုတို့ကအမြဲကြိုဆိုတယ်။
"ကျေးဇူးတင်ပါတယ်အကို"
"နောက်လဆိုအကိုတို့ရွာမာအလှူပွဲတွေရှိတယ်အမှီလာခဲ့ကြပေါ့ကွာ။
"ဟုတ်အကို"
"ဆောင်းနှင်း
ငါတို့သွားပီနော်။"ပြန်လာခဲ့ကြနော်"
"အေးပါကျန်းမာရေးဂရုစိုက်ကြ
ဦးလေးနဲ့အန်တီကိုလဲနှုတ်ဆက်တယ်ပြောပေးအုံး။"ပြောလိုက်ပါ့မယ်"
"ငရှိုင်း"
"ဘာလဲ"
"ရင်ထဲတစ်မျိုးရီးပဲ။
"ဘာဖြစ်နေလို့လဲ"
"တစ်ခုခုကိုလွမ်းနေသလိုပဲ။
"အိမ်ရောက်ဖို့လိုသေးတယ်ပြန်လှည့်မလား။
"မလှည့်နဲ့နင့်အိမ်ကိုသာမောင်းတော့"
"မမလေး!!
"ဘာလဲမလုံးရယ်"
"မသော်တာတို့မြို့ပြန်သွားပီတဲ့။
"ပြန်သွားတာလဲကောင်းပါတယ်လေနမိုဆိုမျက်နှာပူနေရမာ။
"မသော်တာကို မမလေး မချစ်ဘူးလားဟင်။
"ဟင့်အင်း"
"မမလေးပုံစံကြည့်ရတာတစ်ခုခုကိုကြောက်လို့ခံစားချက်တွေကို ဖုံးကွယ်ထားသလိုပဲ။
"ပုံမှန်ပါပဲ"
"ဟုတ်ပါပီမမလေးရယ်
ကျုပ်ကတော့ပြန်လာစေခြင်သေးတယ်။ပြန်သွားတော့လဲတစ်မျိုးကောင်းပါတယ်လေ
မဖြစ်နိုင်တာကို သိရဲ့နဲ့ရှေ့ဆက်တိုးနေရင်အဆုံးမာနှစ်ယောက်စလုံးနာကျင်ရမာပဲလေ
မဖြစ်ခင်တည်းက ကြိုတားလိုက်တာကောင်းပါတယ် အမှန်ဆိုကျွန်မလဲသူ့ကိုရင်ခုန်မိပါတယ် ဒါပေမဲ့မဖြစ်နိုင်ဘူးလေ အချစ်တစ်ခုတည်းအတွက်နဲ့ အရာရာကိုစွန့်လွှတ်ဖို့ထိ သတ္တိမရှိပါ အမေကလဲလုံးဝကိုသဘောတူမှာမဟုတ်ဘူး ။မင်းပြန်သွားပီဆိုတော့လဲ လွမ်းရတော့မာပေါ့ကွယ် ။