ကိုကို...ကိုကိုက သူအထက်တန်း ပထမနှစ်ထဲကပင်စာပြဖို့ ရောက်လာတဲ့ ဖေဖေ့သူငယ်ချင်းရဲ့သား။
မကြာခင်မှာ ကုန်ဆုံးတော့မယ့် နွေရာသီပိတ်ရက်တွေ။ အဲ့နေ့က ကိုကိုသူ့အိမ်ကိုရောက်လာတယ်။ ဒါပေမဲ့ သူအိမ်မှာရှိမနေခဲ့ဘူး။ စာသင်မဲ့ဆရာလာမယ်ဆိုလို့ ဂျယ်ယွန်းတို့ အိမ်ကိုရှောင်ပြေးနေခဲ့တာ သိပ်မကြာပါဘူး ဖေဖေက phone လှန်းဆက်ပြီးဆူလို့ပြန်ပြေးလာခဲ့ရတယ်။
ဆရာဆိုလို့ ကျောင်းကဆရာတေလိုအသက်ကြီး" ထင်ခဲ့တာ အခုလို အီဟီဆွန်းဆိုတဲ့ ငယ်ရွယ်ခန့်ညားတဲ့ ဆရာချော"လေးဖြစ်နေတော့လဲ ဘာပဲဖြစ်" သင်ရတာတန်ပါတယ်လို့ပဲတွေးလိုက်တော့တယ်။
"မင်းနာမည် ဆောင်းဟွန်းနော်။"
"ဟုတ်ကဲ့ ဆရာ။"
"အသက်ကရော"
"15နှစ်ပါဆရာ"
"ဒါဆိုလေးနှစ်ပဲကွာတာပေါ့ မင်းငါ့ကိုဆရာလို့မခေါ်လဲရပါတယ်။"
"ဒါဆို ဆရာက19နှစ်ပေါ့"
"ဟုတ်တယ်လေ ဒီနှစ်မှ တက္ကသိုလ်ဝင် စာမေးပွဲအောင်တာ။ မင်းအကို အရွယ်လောက်ပဲရှိတဲ့ဟာကို"
"အာ ဟုတ် ဒါဆို ကိုကိုလို့ခေါ်မယ်ရလားဗျ"
"ရပါ့ဗျာ"
ကိုကိုက ကျောင်းတေပြန်ဖွင့်တော့လဲ သူ schedule တေပြည့်နေတာတောင် အားရင်အားသလို လာသင်ပေးတယ် ။ သူလဲအရင်ကထက်အမှတ်တေပိုကောင်းလဲတယ်။ အခုဆိုဂျေးအီတို့ ဂျယ်ယွန်းတို့ကတောင် သူ့ကိုပဲအားကိုးပြီးမေးကြတာ။
အထက်တန်းတတိယနှစ်ေရာက်တော့ ဂျေးအီတို့နှစ်ယောက်ပါ သူနဲ့အတူကိုကို့ဆီမာလာတက်တယ်။
သူတို့သုံးယောက်လုံး တက္ကသိုလ်ဝင်စာမေးပွဲအောင်ကြတယ်။
တက္ကသိုလ်တက်တော့လဲ ကိုကိုတက်တဲ့ တက္ကသိုလ်ကိုဘဲ သူတို့သုံးယောက်လုံး လျှောက်လိုက်တယ်။ major ကိုလဲ business major ပဲယူတယ်။ သူတို့ပထမနှစ်မှာကိုကိုက ဂုဏ်ထူးတန်းပထမနှစ်။ ကျောင်းမှာလဲကိုကိုက တော်"popular ဖြစ်သည်။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် စီနီယာအီဟီဆွန်းဆိုတာ ပါးစပ်ဖျားကကိုမချကြဘူး။
သိလာတဲ့ သုံးနှစ်အတွင်း ကိုကိုက သူ့ကိုအမြဲဂရုစိုက်ပေးတယ် ဒါ့ကြောင့်ဘဲ သူ့စိတ်တွေ ကိုကို့အပေါ်ယိုင်နဲ့ ခဲ့တာ။( Fei ; Reviews လေးတေတော့ရချင်မိ🫶🏻)