🫂မိုးသည်းထန်စွာရွာနေသည့် လရောင်အောက်တွင် ကားတစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။ အဆောင်ဝန်းထဲသို့ရောက်သည်နှင့် car parkမှ အဆောင်ခန်းတစ်ခန်းသို့ဦးတည်လာသော မိုးရေစက်တို့နှင့်ယိုင်နဲ့နဲ့ ခြေနှစ်စုံ။
"ဟူး"
မိုးရေတွေရွှဲနေသော ဟီဆွန်းအားဆောင်းဟွန်း ကုတင်ပေါ်သို့ လှဲတင်ပေးလိုက်သည်။ ဆောင်းဟွန်းကိုဒီတိုင်းလှည့်ပြန်ဖို့ အသိစိတ်ကတိုက်တွန်းနေပါသော်ညားလည်း မိုးရေတွေနှင့်ကိုကိုအား မသိစိတ်က မထားခဲ့ရက်နိုင်။ နှစ်မျိုးနှစ်ဖုံသောစိတ်တို့၏အားပြိုင်မှုကြား မသိစိတ်တို့ကအနိုင်ယူသွားခဲ့သည်။
ကိုကို့ jacket နှင့် shirt ကိုချွတ်ပြီးနောက် ဗီရိုထဲမှ pyjamaတစ်ထည်ယူကာ ဝတ်ပေးမည်အပြု
အလျင်အမြန် ဆွဲယူခံလိုက်ရသော မျက်နှာနှင့် နှုတ်ခမ်းပေါ်သို့ကျရောက်လာသော ရုတ်တရက်ဆန်သည့် အနမ်းများ။"အင့် ကိုကို့ဖယ်ဗျာ"
"မင်းမို့လား ဆောင်းဟွန်း င့မျက်စိရှေ့မှာခဏခဏပေါ်လာပြီး င့ကိုဘာဖစ်စေချင်နေတာလဲ ဟမ်"
အာလေး လျှာလေးနှင့်ပြောနေသော ကိုကို့အားသူကြောင်ကြည့်နေမိသည်။
"မင်းဘာလို့အပြစ်ကင်းချင်ယောင်နေတာလဲ"
အပြောရင်းသူ့ကို ထပ်နမ်းလာတာကြောင့် အားနှင့် ဖယ်ထုတ်လိုက်သော်လည်း တင်းကျပ်စွာဖက်ထား သောကိုကို့၏အား ကိုသူမတွန်းလှန်နိုင်ပေ။
"ဟာ့ ကိုကို့ ခများဖယ်နော်ဘာလုပ်တာလဲ"
"ဆောင်းဟွန်း....မင်းင့ကို ချစ်နေတယ်မို့လား"
"ဗျာ မဟုတ်ဘူး"
သူမူးနေတယ် ဒါပေမဲ့ သတိကပ်ထားတယ် အထူးသဖြင့်ဒီလိုအခြေအနေမျိုးမှာ။
"မလိမ်နဲ့ ပတ်ခ်ဆောင်းဟွန်း"
အမိန့်ဆန်ဆန်စကားသံနှင့်အတူ ကုတင်ပေါ်သို့အားနှင့် ဆွဲလှည့်ခံလိုက်ရသော သူ၏ ခန္ဓာကိုယ်။ နီးကပ်နေသော ခန္ဓကိုယ်နှစ်ခုကြား ခပ်နွေးနွေးအသက်ရှူသံနှင့် ရီဝေသော မျက်လုံးအစုံအား ဆောင်းဟွန်းခံစားမိသည်။
"ဟုတ်တယ် ကျနော် ကိုကို့ကိုချစ်နေတာ"
ထိုစကားအဆုံး ဖြစ်ပေါ်လာသောရမက်ဆန်ဆန်အနမ်းများ၏စတင်သူမှာ ဆောင်းဟွန်းဖြစ်သော်ညားလည်း ဦးဆောင်ရွက်လွှင့်သူမှာတော့ ဆောင်းဟွန်း မဖြစ်နိုင်ပေ။
ထိုအနမ်းကြားမှ ရုန်းထွက်ရန်ကြိုးစားသူမှာ သူဖြစ်လေသည်။ သို့သော် ကိုကို့၏ အထိအတွေ့များကြား သာယာမှုကို စံစားနေသူမှာလည်း သူသာလျှင်ဖြစ်ပေလိမ့်မည်။ထိုည၌ အကြင်သူနှစ်ဦးလုံးသည် ဖုံးကွယ်ထားသောသူတို့၏စိတ်စန္ဒအား တစ်ဦးနှင့် တစ်ဦးသိစေခဲ့ပြီ။
Fei : mature သေး"လေး onမိသွားတယ် ဟီး
😶🌫️