ပြတင်းပေါက်လိုက်ကာအား ကျော်လွန်၍သူ့အပေါ်အားကျရောက်လာသော နေရောင် အစအနလေးများ။ ချက်ချင်းပင် မျက်လုံးကိုလက်ဖြင့်ပွတ်ကာ ထကြည့်လိုက်တော့ သူအခန်းဟုတ်မနေပေ။ ဆောင်းဟွန်းကိုယ့်ခေါင်းကိုယ် ခပ်ကြမ်းပင်ရိုက်ချလိုက်သည်။ ကိုကို..... ကိုကိုနဲ့သူညက ဘာတွေဖစ်ခဲ့တာလဲ။ ခေါင်းထဲတွင်မေးခွန်းပေါင်း သောင်းခြောက်ထောင်နှင့် အတွေးကမ္ဘာထဲမြောနေစဉ်...
ဆောင်းဟွန်းနား နိုးပြီလား ကိုကိုလွယ်အိတ်ရော အဝတ် တေပါယူပေးထားတယ်နော် မနက်စာလဲပြင်ပေးထားတယ် စာပြီးမှကျောင်းသွားနော်
ဟုတ် ကိုကို
ဒါဆို ကိုယ်သွားနှင့်ပြီ
ကိုကို့ ဟို... ခဏ
ညကကိစ္စဆိုရင်တော့ မဖြစ်ခဲ့ဘူးလို့ဘဲသဘောထားပေးပါ ဆောင်းဟွန်း ကိုယ်တောင်းပန်ပါတယ်
ပြောပြီးသည်နှင့်ထွက် သွားသည့်ဟီဆွန်း။ ဘာ... ဘာမှ မဖြစ်ခဲ့ဘူး ဟုတ်လား ဆောင်းဟွန်းရင်ထဲ တဆစ်ဆစ်နာကျင်လွန်းလို့ မျက်လုံးအိမ်တစ်ခုလုံး ဝေဝါးလာခဲ့တယ် ရင်ဘက်တစ်ခုလုံးနင်းချေ ခံလိုက်ရသလိုမျိုး။
သူနားလည်လိုက်ပြီ။ ကိုကိုက သူ့ကို မချစ်ဘူးဆိုတာ။ အဲ့နေက စပြီး ကိုကို့ကိုဆိုသူမတွေ့အောင်ရှောင်တယ်။ ကိုကို့ကို သူမုန်းပစ်ချင်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုလုပ်ပြီး မုန်းရက်နိုင်မှာလဲ။ ကိုကို့ကို မတွေ့ရတဲ့ နောက်ပိုင်းမှာ အရာရာဟာ သူ့အတွက်အဆင်မပြေဖြစ်လာခဲ့တယ်။
အရင်ကလိုစာမေးစရာရှိရင် ကိုကို့ဆီမသွားတော့ဘူး အတန်းထဲမှာဘဲ ဆရာတွေကိုတခါတည်းမေးတယ်။ master တန်းအဆောင်တေဘက်ကိုဆို ယောင်လို့တောင်ဖြတ်မလျှောက်ဘူး။ ကိုကိုက လည်းစာတေများလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဖေဖေ့ကိုပြောပြီး စာလာမပြပေးတော့ဘူး။
ဒီလိုနဲ့ပဲ သူတို့ မတွေ့ရတဲ့ရက်တွေဟာ လနဲ့ချီခဲ့ပြီ။