FLASH BACK
"ရား!!! ပတ်ခ်ဆောင်းဟွန်း မင်းအဖေငါခေါ်နေတာ မကြားဘူးလား"
"ဖြေး"အော်ပါဟ င့နားတေကွဲထွက်တော့မယ်"
ဂျေးအီခေါ်နေတာ အခေါက်တစ်ရာလောက်ရှိပြီ မင်းကသာမကြားတာကွ မင်းကကွာ"
"ဟီဆွန်းဟျောင်းရည်းစားရလဲဘာဖြစ်လဲကွ သူ့ရည်းစားနဲ့အဆင်မပြေတဲ့အချိန်"
" နည်း"လောက် သွားအီလိုက်ရင် မင်းဘက်ပါလာမှာပါကွာ လွယ်လွန်းလို့"
"ဟ အဲ့တာကမင်းပြောသလောက်လွယ်မနေဘူးကွ"
"အေးလေ မင်းကလဲ ဟီဆွန်းဟျောင်းက လူကြီးဟ မင်းလို အထက်တန်းကျောင်းသားလေးကို မုန့်ကျွေးကြိုက်သလို လုပ်လို့မရဘူးကွ"
"ဟ င့မုန့်ကျွေးကြိုက်တာမဟုတ်ပါဘူး သူ့ဘာသူင့လာကြိုက်တာကို"
"တော်ကြပါတော့ကွာ မင်းကလဲ စဉ်းစားမရတဲ့ထဲ"
"ဪ စဉ်းစားပေးတော့ရော မင်းကလိုက်လုပ်လို့လား"
"မင်းတို့ဟာတေက ဟုတ်မှမဟုတ်တာ တော်ပြီကွာငါသွားဘီ"
"ကြွ' "
🩸
At Soobin sbn's birthday
ဆူဘင်းsbnက ကိုကို့သူငယ်ချင်းမို့လို့မသွားလို့ကလဲမကောင်း။ အမှန်ဆိုဆောင်းဟွန်းဒီလို party တွေကိုတကယ်သဘောမကျဘူး။ ဒါမဲ့ကိုကို သွားမယ်ဆိုတာကြိုသိနေလို့ ဂျေးအီတို့လာခေါ်တာကို ချက်ချင်းလိုက်သွားခဲ့တာ။
ဟိုရောက်တော့ကိုကို truth or dare ဝင်ဆော့နေသည်။ party စပြီး 2နာရီလောက်ကြာတော့ ယောန်ဂျွန်sbn ကကိုကိုမူးနေပြီမို့လို့ သူပဲ အဆောင်ကိုပြန်ခေါ်သွားလိုက်ပါဆိုပြီးပြောလို့ ကိုကို့ကိုခေါ်ပြီးအဆောင်ပြန်လာလိုက်သည်။ ဟိုနှစ်ကောင်ကတော့ ရှာမရအောင်ကိုပျောက်နေလေကြသည်။