"ဟီဆွန်းဟျောင်း နဲ့ ဂျာအွန်းနူးနာတို့ပြတ်သွားပြီတဲ့!! "
"ဟျောင့် မင်းအဲ့တာပြောစရာလား အလိုက်ကန်းဆိုးကိုမသိဘူး"
ဂျယ်ယွန်းစကားကြောင့် ဂျေးက ဟောက်လိုက်ပေမဲ့လည်း ဆောင်းဟွန်းရဲ့ ခေါင်းထဲကို အတွေးပေါင်းမြောက်များစွာအဆက်မပြတ်ဝင်လာတော့တယ်။
သူကြောင့်မဟုတ်ဘူးမို့လား။ ဘာတွေလဲ။ အခုသူက ရှေ့ဆက်တိုးဖို့အခွင့်အရေးရသွားတာလား။ ရှေ့ဆက်ပြီးရောတိုးသင့်ရဲ့လား။ ကိုကိုကရောသူ့ကိုမုန်းနေပြီလား။
________________
4 years later....နှစ်တစ်နှစ်ရဲ့ အစကိုပြန်ရောက်လာခဲ့ပြီ။ ဆောင်းဟွန်းအတွက်တော့ အရာရာတိုင်းကပုံမှန်ပါဘဲ။ ကိုကို အနားမှာ မရှိတော့တာကလည်း သူ့အတွက် ပိုပြီး အနေချောင်စေမိတယ်။ သို့သော်လည်း အနားမှာမရှိစေချင်တာမျိုးတော့မဟုတ်ချေ။
ဒီနေ့ကျမှ ဘာကြောင့်မှန်းမသိ ကိုကို့အကြောင်းတွေတွေးမိတဲ့ သူကိုယ်သူအံ့ဩမိ သော်လည်းတွေးရင်း ဆယ့်ငါးနှစ်သားလိုပြန်ရင်ခုန်မိတဲ့ သူ့ကိုယ်သူတော့သတိမထားမိပေ။"ဆောင်းဟွန်း သားရေ မင်းဒယ်ဒီအတွက် နေ့လယ်စာသွားပို့ပေးပါအုံး"
"ဟုတ် မာမီ"
ဆောင်းဟွန်း မာမီ့ဆီက ထမင်းဘူးကိုယူပြီး ကားနှင့် ဒယ်ဒီ့ရုံးသို့ဦးတည်ခဲ့သည်။
ရုံးသို့ရောက်သည်နှင့်ကား parking ရပ်ပြီး ဒယ်ဒီဆီသို့သွားခဲ့သည်။ ရုံးခန်းရှေ့ရောက်တော့ curtain wall ကနေမြင်နေရတဲ့ ရင်နှီးနေသလိုခံစားရတဲ့ကျောပြင်ကျယ်တစ်ခု။ ဒယ်ဒီကတော့အဲ့ဒီ့လူကို နှစ်လိုစွာပြုံး၍ ကြည့်နေသည်။ကိုကို....
တကယ် ကိုကို မှကိုကိုအစစ်ပါဘဲ အဲ့ဒီမျက်လုံးတွေလေ သူ့ကိုအခုချိန်ထိ ညှို့ငင်နိုင်ဆဲ။
Suit အပြည့်နဲ့သူ့ကိုအပြုံးမပျက်ကြည့်နေတဲ့ကိုကို့ ကို လက်တွေ့မှာတော့အပြုံးတစ်ခုနဲ့သာ တုံ့ပြန်မိသည်။"သားအစ်ကိုက မနေ့ကမှ New Zealand ကနေပြန်ရောက်တာလေ ရုတ်တရက် ဆိုတော့ သားလဲ အံ့ဩသွားမှာဘဲ"
"ဟုတ်ကဲ့...... ဪ ဒီမှာ ဒယ်ဒီ့အတွက် နေ့လယ်စာ"
သူတစ်ခဏတာတော့ မှင်သက်မိတာ အမှန်ပင်။
"ဒါဆို ကျနော်သွားလိုက်ပါအုံးမယ်"
_________ဆောင်းဟွန်းထွက်သွားသည်နှင့်....
"Uncle ကျနော်လည်း ဆောင်းဟွန်နဲ့ စကားခဏသွားပြောလိုက်ပါအုံးမယ် ခွင့်ပြုပါအုံးဗျ"
ဟုဆိုကာ ဆောင်းဟွန်းနောက်သို့ လိုက်ရန် အမိန့်ပေးစရာသော ခြေလှမ်းများနှင့်။
Exit ကနေ Roof Garden ကိုတက်သွားတဲ့ဟွန်း။"ဟွန်း...."
တုံ့ပြန်ခြင်းအလျင်းမရှိတဲ့ ဟွန်း...
"ကိုယ့်ကို နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်ဘဲ ခွင့်လွှတ်ပေးလို့ရမလား"
"ခများကိုလေ မုန်းပစ်လိုက်ချင်တယ် သိလားကိုကို"
"ဟွန်းရယ်"
မိုးပြိုသလို မျက်ရည်တွေနှင့်ပြောလာသည့် ဟီဆွန်းကို လှည့်၍ ဖက်ထားမိသော် ဘာကြောင့်မှန်းမသိတဲ့ အဲ့ဒီ့ခံစားချက်ကအချစ်ဦးနဲ့ တစ်စခန်းပြန်ထတာမျိုးလား။
ဒါပေမယ့်လည်း ပြုံးမိပြန်သလို ရုတ်တရက် ထွက်သွားသည့် စကားတစ်ခွန်း......" မုန်းတယ် ကိုကို့ကို"
ထိုကျီစယ်သောစကားနောက် ကြည်လင်နေသောရယ်သံလေးတစ်ခုကလည်း ကပ်ပါလာသေးသည်။"မင်း မုန်းလဲ ကိုယ်ချစ်တယ်လေ"
နွေဦးမှ ဝှက်ခြင်းခံရသောအကြင်လူသားနှစ်ဦးတို့ အသစ်တဖန်ပြန်လည်ဖြစ်တည်ခြင်းအဆုံး လေမြေ့သခင်၏ ကောင်းချီးလေးညှင်းတို့ဖြင့် သံသရာတစ်ဆုံး ထာဝရတည်စေ။
𝘚𝘦𝘶𝘯𝘨 𝘸𝘪𝘭𝘭 𝘭𝘰𝘷𝘦 𝘚𝘶𝘯𝘨 𝘧𝘰𝘳 𝘢𝘭𝘭 𝘦𝘵𝘦𝘳𝘯𝘪𝘵𝘺....
- 𝘎𝘪
𝘛𝘩𝘦 𝘌𝘯𝘥
𝘗𝘭𝘦𝘢𝘴𝘦 𝘨𝘪𝘷𝘦 𝘢𝘵𝘵𝘦𝘯𝘵𝘪𝘰𝘯 𝘵𝘰 𝘵𝘩𝘦 𝘯𝘦𝘹𝘵 𝘵𝘩𝘢𝘯𝘬𝘴 𝘭𝘦𝘵𝘵𝘦𝘳 𝘱𝘰𝘦𝘵𝘳𝘪𝘦𝘴!!!