Part (21)

148 31 2
                                    

လွန်ခဲ့သော လအနည်းငယ် >>

လက်နက်တစ်ချို့နဲ့ မူးယစ်ဆေးဝါးတစ်ချို့တို့ကို
ထိုင်းဘက်ကနေ ကွန်တိန်နာနဲ့ တင်ပေးလိုက်မှာဖြစ်ပြီး စာရင်း မသွင်းထားသေးတာကြောင့် ရောက်တာနဲ့ ပစ္စည်းစစ်ဖို့လိုသည်။ ဒီရက်ပိုင်း ဟိုကောင်လေးကို စုံစမ်းနေရတာနဲ့ Karu ပြောမှ သတိရသည်။

"Boss အဲ့ကွန်တိန်နာတွေကို ဘယ်လိုလုပ်လိုက်ရမလဲ"

"သင်္ဘောက ဘယ်ဆက်သွားမှာလဲ"

"ဒီမှာချပြီးရင် ဖိလစ်ပိုင်ဘက်ဆက်သွားမှာပါ Boss"

"Ok ကွန်တိန်နာအလွတ်နှစ်စီး ကြားညှပ်ပေးလိုက်
ဖိလစ်ပိုင်ဘက်ရောက်မှ ပြန်သွားသယ်မယ်"

"ဟုတ်ကဲ့ Boss"

စီးကရက်ကို လက်ညိုးနှင့် လက်ခလယ်ကြားညှပ်ကာ အရှိုက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အငွေ့များကို အဝေးသို့ မှုတ်ထုတ်လိုက်သည်။စာရင်းပိုင်း သေချာမသင်ထားရသေးတာကြောင့် ဒီအပိုင်းကိုတော့ သူနားလည်ဦးမည်မဟုတ်ချေ။ ဒီအကွက်တွေကြိုမြင်နေလို့တမင်မသင်ပေးသေးခြင်းလည်းဖြစ်သည်။ပစ္စည်းစာရင်းကို အဝင်သာ ပြထားလိုက်ပြီး လက်အောက်ကလူတစ်ချို့နှင့် လွှတ်ပေးလိုက်လျှင် သေချာပေါက်Jihoon သိမှာမဟုတ်တော့ချေ။

**********
"ကတောက်စ်"

စားပွဲပေါ်ရှိ စာရင်းဖိုင်တစ်ချို့အားကောက်ယူကာတံခါးပေါက်ရှိရာသို့ပစ်ထုတ်လိုက်သည်။

"ဒီလောက် သိုဝှက်နေတဲ့ကြားကနေ အဲ့ကောင်လေးက ဘယ်လိုသိသွားတာလဲ"

"ပစ္စည်းချတဲ့နေ့က သူရောက်လာတာပါ Boss စာရင်းတွေ တိုက်ကြည့်ရင်း ကွာနေတာကို သိသွားတာပါ"

"အသုံးမကျလိုက်တာ .... ပိရိအောင်မလုပ်တတ်ဘူးလား"

"တောင်းပန်ပါတယ် Boss"

"တောင်းပန်တာကို မလိုချင်ဘူး ၊ အဲ့ဖီလစ်ပိုင်ဘက်ပါသွားတဲ့ ကွန်တိန်နာတွေကို Jihoon ထက်အမြန် လိုချင်တယ် ၊ သူရှာမတွေ့ခင် ငါတို့လက်ထဲ ရောက်နေပါစေ"

"ဟုတ်ကဲ့ Boss"

**********
Christmas မတိုင်ခင် တစ်ရက်အလို >>>

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️Where stories live. Discover now