Part -(20)Z

359 2 0
                                    

မဟာ စံအိမ်တော်ကို ရောက်တော့ အိမ်တော်ထိန်းက ဦးမင်းမဟာဘက်က တံခါးကို အရင် ဖွင့်ပေးလိုက်တော့ ဦးမင်းမဟာက ကားပေါ်က နေ ဆင်းလာပြီး အိမ်တော်ထဲသို့ တန်းဝင်သွားသည်။ ထို့နောက် မဟာ့ဘက်ကိုတော့ မင်းခန့်က ဆင်းလာကာ ကားတံခါး ဖွင့်ပေးလာသည်။ မဟာက မင်းခန့် တံခါးဖွင့်ပေးတာကို မသိချင်ယောက်ဆောင်ကာ မင်းခန့် ကို မကြည့်ဘဲ ကားပေါ်က ဆင်းသွားလေသည်။

မင်းခန့်လဲ ခပ်ဖွဖွ ပြုံးကာ သခင်ကြီး မှာထားတဲ့ အတိုင်း D အခန်းရှိရာ သို့ သွားရသည်။ မင်းခန့် အခန်း ထဲကို ရောက်တော့ သခင်ကြီးက စောင့်နေတာကို တွေ့လိုက်ရသည်။

"ရောက်ပါပြီ သခင်ကြီး "

"ကိုယ့်အပြစ်ကိုယ် သိလား "

"ဟုတ်ကဲ့ သိပါတယ် သခင်ကြီး "

"ရေကန်ထဲမှာ တစ်ည လုံး စိမ်နေ မနက်ရောက်မှ ထွက်ခဲ့ "

"ဟုတ်ကဲ့ပါ သခင်ကြီး "

" ကိုယ့် အဆင့် ကိုယ် မမေ့ နဲ့ "

"နားလည်ပါပြီ "

မင်းခန့် သခင်ကြီး ပြောထားတဲ့ အတိုင်း ရေကန်ထဲမှာ ဒူးထောက်ကာ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ပြီး ထိုင်နေလိုက်သည်။ ရေကန်က အသည်းခိုက်မတက် အေးစက်နေပေမယ့်လည်း အံကို ကြိတ်ကာ ဘာမှ မဖြစ်သလို သည်းခံကာ ထိုင်နေလိုက်သည်။ တစ်ညလုံးတော့ ဒီလို ဘဲ ဖြတ်သန်းရတော့မည်။

တစ်ဖက်တွင်တော့ မဟာက သူ့ဆီကို အစ်ကိုက တစ်ခေါက်လေးတောင် လာမချော့သေးတဲ့ အတွက် စိတ်က မကြည်တော့ပေ။ မဟာစိတ်မကြည်လျှင် ဗိုက်ဆာ တတ်သော အကျင့် ရှိလေသည်။ ထို့ကြောင့် မဟာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ လှေကား အဝရောက်တော့ အိမ်တော်ထိန်းကို တွေ့လိုက်ရသည်။

"သခင်လေး ဘာလိုအပ်တာရှိလို့လဲ "

"ကျွန်တော် ဗိုက်ဆာလို့ အောက်ကို ခဏ ဆင်းလာခဲ့တာပါ "

"ဒါဆို ဦးလေး ညလယ်စာ လုပ်ပေးပါ့မယ်"

"အာ ..... ဦးလေးကို အလုပ်စေမှာဘဲ .. ကျွန်တော် ကိုယ့်ဘာသာ ကိုယ် ခေါက်ဆွဲ ပြုတ်စားလိုက်ပါ့မယ်"


ချစ်ခြင်း သစ္စာ Where stories live. Discover now