မဟာ အဖေနဲ့ စကားပြောတဲ့ နေရာကနေ ထွက်လာပြီး အခါ သူ့ရဲ့ အခန်းတံခါးကို သာလော့ချပြီး မျက်နှာကို ခေါင်းအုံးနဲ့သာ အုပ်ပြီး အသံမထွက်အေင် ငိုရှိုက်နေမိတော့သည်။
မဟာ အစ်ကိုနဲ့ မခွဲနိုင်ပေ။ အစ်ကို ကို့ သူဘယ်လို ပြောပြရမလဲ ။ အစ်ကိုနဲ့ သူနဲ့ က ချစ်လို့ တောင်မှ မဝသေးတာ ကံတရားက သူတို့နှစ်ယောက်ကို ခွဲချင်နေတာလား ဒါမှ မဟုတ် မပေါင်းဖက်စေချင်တာလား ။
မဟာ့ရဲ့ မျက်ရည်များ က အထိန်းအကွတ်မဲ့စွာ စီးကျလာလေသည်။ သူဘယ်လို လုပ်ရမလဲ ။
"ဒေါက် ဒေါက် ဒေါက် "
"ညီ....."
အစ်ကို့က တံခါးခေါက်ပြီး သူ့ကို ခေါ်နေတာကို ကြားလိုက်ရသည်။
မဟာ ပြန်မဖြေ နိုင်သေးပေ။ တရှုံ့ရှုံ့ ငိုနေဆဲ ဖြစ်ပြီး ဝမ်းနည်းမှုက ရင်ထဲတွင် လှိုက်တက်လာရသည်။
"ညီ..အစ်ကို့ကို တံခါးဖွင့်ပေးပါဦး...."
မင်းခန့် စိတ်ပူလာရပြီ ဖြစ်သည် ။ ဒီနေ့ သခင်ကြီး အလုပ်ကိစ္စနဲ့ ခရီးက ပြန်လာတဲ့ သတင်းကို ကြားလိုက်ရသည်။ နောက်ပြီး ညီနဲ့ သခင်ကြီးနဲ့ နှစ်ယောက်တည်း ဆွေးနွေးတာကိုလည်းအိမ်တော်ထိန်းဆီကနေ သတင်းရထားတဲ့အတွက် ညီ အဆင်ပြေရဲ့လား ဆိုပြီး ညီ့ အခြေ အနေကို သိချင်သည့် အတွက် လာမေးတာဖြစ်သည်။
အခုတော့ ညီ့ရဲ့ အခန်းတံခါးကို ခေါက်နေတာ ကြာပြီဖြစ်သည်။ ညီက အခုထိတံခါးမဖွင့်လာသေးပေ။ မင်းခန့် ရဲ စိုးရိမ်မှုတို့က တစ်ဟုန်ထိုး တိုးမြင့်လာရသည်။
"ညီရေ....ညီ.... အစ်ကို့ကို တံခါးဖွင့်ပေးဦးလေ....အစ်ကို့ကို စိတ်ပူအောင်မလုပ်နဲ့...ညီ...."
မင်းခန့် တံခါးကိုသာ အဆက်မပြတ်ခေါက်နေမိသည်။ မင်းခန့်တံခါးကို အဆက်မပြတ်ခေါက်နေမိတာဘယ်လောက်ထိတောင်ကြာသွားမလဲ မသိ ၊ မင်းခန့် ရဲ့ လက်ဆစ်ထိပ်များက နီရဲလာသည်အထိပင်။
'ချလပ်'
နောက်ဆုံးတော့ ညီက တံခါးက ဖွင့်လာခဲ့သည်။ မင်းခန့် ညီ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ