Part-(39)U

584 26 10
                                    

ရာဇာစံအိမ်ကို ရောက်တဲ့ အချိန်မှာတော့ သီဟက ကားပေါ်ကနေ အရင် ဆင်းသွားခဲ့သည်။ မင်းခန့်လည်း သီဟရဲ့ အနောက်သို့ လိုက်ပြီး ဆင်းလာခဲ့လိုက်ကာ စံအိမ်ထဲကို ဝင်လိုက်သည်။ သီတော့ အခန်းထဲသို့ သာ တန်းပြီး ဝင်သွားခဲ့သည်။ မင်းခန့်လည်း သီဟကို အရေးတယူ မလုပ်တော့ဘဲနဲ့ အခန်းရှိရာသို့ သာ တန်းပြီး ဝင်သွားလိုက်သည်။

သီဟအခန်းထဲကို ရောက်တော့ အခန်းတံခါးကို လော့ချကာ အခန်းထဲသို့ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် ကုတင်ခြေရင်းရှိ အဝတ်ဗီရိုအနားသို့ သွားလိုက်သည်။ ထို့နောက် ဗီရို အောက်ခြေ အနားမှာ ရှိသည့် အံဆွဲအကန့်လေးကို ဖွင့်လိုက်သည်။ ထို အံဆွဲအကန့်လေးရဲ့ အပေါ်ယံလေးမှာ တင်ထားသည့် ဆေးထုပ်လေးကို သီဟ ယူပြီးဘောင်းဘီအိပ်ကပ်ထဲ၌ ထည့်လိုက်သည်။

ထို့နောက် အခန့်တံခါးကို ပြန်ပိတ်ကာအောက်ထပ်ရှိ မီးဖိုချောင်ရှိရာ သို့ ဆင်းသွားလိုက်သည်။

တစ်ဖက်က မင်းခန့်ကတော့ ဘာမှ မသိစွာနဲ့ အပေါ်ထပ်ရှိ သီဟ၏ အခန်းဘေးနားကပ်လျက်မှာ ရှိသည့် သူ့ရဲ့ အခန်းထဲသို့ ဝင်ကာ ရေချိုးဖို့ အတွက် ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။

မင်းခန့်ရေချိုးပြီးလို့ အဝတ်အစားလဲပြီးတဲ့ အခါမှာတော့ ကုတင်ပေါ်၌ ပစ်လှဲလိုက်ကာ နဖူးပေါ်သို့ လက်တစ်ဖက်ကို တင်ကာ မျက်နှာကြပ်သို့သာ ငေးစိုက်ကြည့်နေပြီး အတွေးများနေတော့သည်။

ညီနဲ့သူနဲ့ ဘယ်နေရာမှာ လွဲနေခဲ့တာလဲ ... ။ ညီကရော သူ့ကို ဘာလို့ ခါးခါးသီးသီးနဲ့ မုန်းနေသလိုမျိုး သူ့ကို ရှောင်ဖယ်ပြီး အရေးမစိုက်သလို တစ်ခါမှ မသိဖူးကြသည့် လူလို ခပ်စိမ်းစိမ်း ဆက်ခံနေရတာလဲ... ဒီလောက် အချိန်တွေကြာသွားတဲ့အထိ အဆက်အသွယ်ဖြတ်ခဲ့တာကရော ဘာကြောင့်လဲ .. ။ ပြန်ဆုံတွေ့တဲ့အခါမှာရော ညီက သူ့ကို မတွေ့ချင်သလို မျိုး ရှောင်ဖယ်နေရတာလဲ... ။

မင်းခန့်ရဲ့ မျက်လုံးထဲ၌ မျက်ရည်များက တစ်ဖန်ဝေ့သီလာခဲ့သည် ။ မင်းခန့်ရဲ့ ရှင်သန်လာသည့် တစ်လျှောက်တွင် မိဘကြောင့် တစ်ခါဘဲ ငိုခဲ့ရသည့် သူက အခုတော့ ညီ့အကြောင်းကိုတွေးရင်းနှင့်ပင် မျက်ရည်များက ခနခနပြန်လည်ဝေ့သီလာရပြန်သည်။ မျက်ရည်များကို အောက်သို့မကျစေရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now