Part -(44)U

199 10 7
                                    

"ကိုမင်းခန့်"

ဖျော့တော့ပြီး အားမရှိတဲ့ အသံတိုးတိုးလေးနဲ့ မင်းခန့်ရဲ့ နာမည်ကို ခေါ်လာခဲ့သည်။ ဘုန်းမြတ်က ကုတင်ပေါ်မှာ လှဲလျောင်းနေရင်းနှင့်ပင် သူ့ကို ကြည့်လာသည်။

"နိုးလာပြီ ကလေး ...ကလေး နိုးလာပြီ"

ဘုန်းမြတ်နိုးလာတဲ့ မြင်တဲ့ ခန့်ထည်ကတော့ ကယောင်ချောက်ချားနဲ့အော်ကာ ဆရာဝန်တွေကို ခေါ်ဖို့ အပြင်ကို ပြေးထွက်သွားလေသည်။

ဘုန်းမြတ်က ရူးမတတ်ဖြစ်နေသော ချစ်သူဖြစ်သူကို ကြည့်ကာ မျက်ရည်များက မျက်နှာပေါ်သို့ စီးကျလာသည်။

"ဘုန်းမြတ် နာနေသေးလား"

မင်းခန့် အသံတိုးတိုးနဲ့ခေါ်လိုက်မိသည်။ ဘုန်းမြတ်က သူ့ဘက်ကို ကြည့်လာသည်။

"ကိုမင်းခန့်ကို ကျွန်တော်ပြောစရာရှိတယ် "

ဘုန်းမြတ်က ပြောနေရင်းနှင့်ပင် အသက်ကို မနည်း ရှူရှိုက်နေရသည်။ မင်းခန့် ဘုန်းမြတ်ရဲ့ အနားသို့ တိုးကပ်သွားကာ

"စကားကို အများကြီး မပြောနဲ့ နော် အသက်ရှူမဝဖြစ်နေလိမ့်မယ်..."

မင်းခန့် ပြောတော့ ဘုန်းမြတ်ကခေါင်းကိုအသာရမ်းပြကာ

  " ကျွန်တော် သက်သေတွေ အကုန်လုံးကို  ရုံးချုပ်မှာ ကိုမင်းခန့် နာမည်နဲ့ ပို့ပေးထားတယ် .. အဲ့ မှာ သွားယူလိုက်နော် ။ "

ဘုန်းမြတ်က စကားတစ်လုံးကို တစ်ချက် အသက်ရှုူကာပြောနေလေသည် ။ ထို့နောက် ခနရပ်သွားကာ သူ့မျက်လုံးတည့်တည့်ကို ဘုန်းမြတ်က ကြည့်လာပြီး

"အကို့ မိဘတွေရဲ့ အမှုရဲ့ ‌‌ေနာက်ကွယ်က တံရားခံရော ကျွန်တော့်ကို အခုလို ဖြစ်သွားအာင် လုပ်တဲ့ လူက‌ပါ တစ်ယောက်တည်းဘဲကိုမင်းခန့်  ....သူက.... သူကရာဇာဂိုဏ်က ဦးရာဇာဘဲ...။ ကျွန်တော့်ကိုလည်း နှုတ်ပိတ်ဖို့ သူ့လူတွေကို ကျွန်တော့်ရဲ့ ကားကို ဘရိန်ကြိုးတွေ ဖြတ်ခိုင်းခဲ့တာ။"

ဘုန်းမြတ်ပြောတာကိုကြားကြားချင်းမှာဘဲ မင်းခန့် မယုံနိုင်ဖြစ်နေကာ စကားတစ်လုံးမှကို ထွက်မလာ‌ေတာ့ပေ။

ချစ်ခြင်း သစ္စာ Where stories live. Discover now