Part -(24)U

1K 22 6
                                    

နေ့ရက်တွေ တစ်ရွေ့ရွေ့နဲ့ ပြောင်းလဲ သွားတာများ တစ်လ ဆိုတဲ့ အချိန်လေးက မျက်စိတစ်မှိတ်စာလေးအတွင်းမှာ အချစ်ငှက်လေး နှစ်ကောင်ကတော့ ပျော်ရွှင်စွာ အချစ်ရိပ်သန်းလျှက်ရှိကြသည်။

______________________________________

တစ်ချို့တွေက အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်း မဟုတ်ဘူးတဲ့ တစ်ချို့ကျတော့လည်း ချစ်မှတော့ ရယူပိုင်ဆိုင်ဖို့အတွက် ကြိုးစားရမယ်တဲ့။ ကိုယ်ကတော့ ဒုတိယအချက်ကို လက်ခံတယ် ။ ဘာလို့လဲ ဆိုတော့ ချစ်မိမှတော့ ပိုင်ဆိုင်ဖို့အတွက်  ကြိုးစားရမှာပေါ့ ။ မင်းခန့် ဆိုတဲ့ လူသားလေးက ကိုယ့် အပိုင်ဘဲ နောက်ပြီး ထိုလူသားကလည်း ကိုယ့်အတွက်ဘဲ ဖြစ်လာစေရမယ်။

သီဟ ရာဇာဂိုဏ်းကို ဦးစီးလာတာ အခုဆို တစ်လဘဲ ရှိသေးသည်။ ဂိုဏ်းအတွင်းက သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူမှ မတွန်းလှန်နိုင်ကြပေ။ အရင်တုန်းက မတည်မငြိမ်ဖြစ်နေတဲ့ ဂိုဏ်းခွဲတွေကိုလည်း သွားပြီး ထိန်းချုပ်နေရတာနဲ့ ချစ်ရတဲ့ သူလေးရဲ့ မျက်နှာ‌ေလးကို လည်း ကော်ဖီဆိုင်မှာ နောက်ဆုံးတွေ့ခဲ့တာပင် ။ နောက်ပြီး ချစ်ရသူလေးရဲ့ လုံခြုံရေးအတွက် အနောက်ကနေ လူတစ်ယောက်လွှတ်ထားပေးထားလေသည်။ ချစ်ရသူက သူထင်တာထက် ပိုသန်မာတယ်ဆိုပေမယ့် ဘယ်သူမဆို ကိုယ့်ရဲ့ ချစ်ရသူတိုင်းကိုတော့ ကာကွယ်ပေးချင်ကြတာဘဲလေ ။

သီဟ အတွေးများကို ရပ်ပြီး  မှိတ်ထားတဲ့ သူ့ရဲ့ မျက်လုံးများကို ဖွင့်လိုက်သည် ။

" ရာဇာဂိုဏ်းခွဲ (၅) ကို ရောက်လာပါပြီ ခေါင်းဆောင် "

" အင်း "

သီဟ ဂိုဏ်းခွဲ (၅) မှာ မငြိမ်မသက်ဖြစ်နေသည်ကို ဖြေရှင်းဖို့အတွက် ရောက်နေရတာ ဖြစ်သည်။

ပုံမှန်ဆိုလက်အောက်ငယ်သားတွေနဲ့ သာ လွှတ်ပြီးဖြေရှင်းခိုင်းမည် ဆိုပေမယ့် အခု တော့ မငြိမ်မသက်ဖြစ်နေရတယ့် အကြောင်းအရင်းက သူ့က ဂိုဏ်းဆက်ခံသူနေရာနဲ မထိုက်တန်ဘူး ပျော့ညံ့တယ်ဆိုပြီး လက်မခံကြကာ  မငြိမ်မသက်ဖြစ်နေရတာဖြစ်သည်။ သီဟက ဒီလို ကိစ္စတွေကို စိတ်ထဲ မထားပေမယ့် ဒီအတိုင်းထားလိုက်ရင် နောက်ပိုင်းကျ ပုန်ကန်မှုတွေဖြစ်လာမှာမလွဲမသွေ ဧကန် ဖြစ်လာမလိမ့်မည်။ တစ်ခါတစ်လေကျရင် ငြိမ်ငြိမ်နေနေတော့ ရိုးရိုးမြွေလို့ ထင်နေတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတော့မှာပေါ့  ။

ချစ်ခြင်း သစ္စာ Where stories live. Discover now