STEER EP 1

978 171 25
                                    

STER EP - 1

မိုင်ယာမီမြို့, ဖလော်ရီဒါပြည်နယ််, အမေရိကန်ပြည်ထောင်စု

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မိုင်ယာမီမြို့, ဖလော်ရီဒါပြည်နယ််, အမေရိကန်ပြည်ထောင်စု.

သူ မိုင်ယာမီမှာ ရောက်နေတာ တစ်ပတ်လောက်ရှိပြီ..

ပူပြင်းခြောက်သွေ့သွေ့နဲ့ မြေထဲပင်လယ်ရာသီဥတုရှိတဲ့ မိုင်ယာမီက အဆင့်မြင့်လူနေမူဘဝပုံစံကြောင့် ဇိမ်ကျကျနေထိုင်မူတွေနဲ့ အမည်ကျော်ကြားတယ်..

နေရာတိုင်းမှာ ငွေဖြုန်းဖို့ အကောင်းဆုံးအရာတွေချည်း ပြည့်နှက်နေပြီး ကိုယ်ပေးလိုက်သလောက် ကျေနပ်မူကို ပြန်ရရှိစေနိုင်မယ့် နေရာမျိုး ဖြစ်တယ်..

ဆောင််းမကုန်သေးတဲ့ ဆိုးလ်လို စိုထိုင်းထိုင်း ရာသီဥတုမဟုတ်ဘဲ ဒီမှာက နေသာတာမို့ အချိန်ရတာနဲ့ ကမ်းခြေမှာ ရေလွှာလျှောသွားစီးမယ်ဆိုတဲ့ စရောက် ရောက်ချင်းတုန်းက သူ့အတွေးက အလုပ်တွေ ပိနေတော့ အာရုံတောင်မရှိတော့..

ရှေ့ရက်တွေကတော့ လက်ရှိကိုင်ထားတဲ့ Chanel BA  အတွက် ရိုက်ကူးရေးတွေ တောက်လျှောက်လုပ်နေရတာကြောင့် Hotel နဲ့ အလုပ်နဲ့ပဲ ကူးနေရပေမယ့် အခုသူက ပွဲမတက်ခင်ထိ အားလပ်ရက် နှစ်ရက်ရှိသည်..

Agency က အတူ လွှတ်လိုက်တဲ့ အဆိုတော်အဖွဲ့ဆီက Show Ticket တော့ ရထားပေမယ့် သူက အဲ့လိုလူအများကြီးထဲ တိုးပြီးလည်း သွား အားမပေးချင်..

ကုမ္မဏီတစ်ခုထဲဆိုပေမယ့် အဲ့အဆိုတော်အဖွဲ့နဲ့ အဲ့လောက်ထိလည်း ရင်းနှီးတာ မဟုတ်.. ဒီတိုင်း Label တစ်ခုထဲ အောက်မှာ အတူတူ အလုပ်လုပ်နေတဲ့ သဘောသာရှိပြီး မရင်းနှီးရင် သူက တစ်ကိုယ်ထဲနေရတာကိုသာ ပိုကြိုက်သည်.. တခြား ဘယ် Artists နဲ့မှလည်း လိုက်လျှော်ညီထွေမူ ရှိအောင် ပေါင်းသင်းဆက်ဆံပြီး နေရာမယူချင်ဘူး..

STEERWhere stories live. Discover now