EP 5
" သတိထားမိနေတာ.. အဲ့မီးခြစ်ကို ခဏတိုင်း ဆော့နေလို့လေ~"
သူတောင် သတိမထားမိတဲ့ သူ့ရဲ့ အမူအကျင့်တွေကို ခပ်မြန်မြန် ရိပ်မိတဲ့သူက JungKook ဖြစ်တယ်.. ပြောရမယ်ဆိုရင် JungKook က ဒုတိယမြောက်ပဲ.. ပထမတစ်ယောက်ကတော့ အရမ်းစိတ်ရှုပ်ဖို့ကောင်းတဲ့ တစ်ယောက်ပေါ့..
သူ့တစ်ကိုယ်လုံး အေးစက်ပြီး ကြောက်လန့်သွားအောင်ထိ ကြည့်တတ်တဲ့လူရဲ့ အကြည့်နဲ့တွေနဲ့ တူတယ်ဆိုပေမယ့် JungKook ရဲ့ ရယ်မြူးရိပ်သန်းနေတဲ့ မျက်ဆံနက်နက်တွေကတော့ သေချာကြည့်ရင် နည်းနည်းကွဲပြားမယ် ထင်တယ်.. အဲ့လို ထင်တာပဲ.. သေချာတော့ သူမသိဘူး..
ရာခိုင်းနှုန်းအားဖြင့် ဒီလို အိပ်ယာပေါ်မှာ ကိုယ့်ရည်းစားဟောင်းနဲ့ တူတဲ့လူနဲ့ အိပ်မိမယ်ဆိုရင် အဲ့လူကို တမ်းတမိမှာလား?.. အဲ့လူနဲ့ နေခဲ့တုန်းကလို ခံစားချက်တွေ ပြန်လည်သက်ဝင်လာနိုင်လောက်လား?..
သူ့အတွက်ကတော့ သေချာပေါက် သတိရစရာအကြောင်း မရှိဘူးပေါ့..
အဲ့တာကလည်း အပေါ်က စွမ်းဆောင်နိုင်သူရဲ့ အရည်အချင်းနဲ့ ဆိုင်သေးတယ်.. လွမ်းနေမိရင်တောင် ထိုအကြောင်းအရာတွေကို မေ့ပျောက်သွားအောင်ထိ JungKook က သူ လှိုက်လှိုက်သည်းသည်း အတောင့်တဆုံး အရာထိ သူ့ကို ဆွဲခေါ်သွားလိမ့်လို့ သူကတော့ ယုံကြည်တယ်..
အခုချိန်မှာ သူများများစားစား သိပ်မတွေးတောနိုင်ဘူး.. လှုပ်ရှားနေတဲ့ JungKook ရဲ့ ငြင်သာမူ မရှိခြင်းတွေကြားမှာ အလူးအလဲ အသက်ကို လုရှုနေရတယ်.. JungKook က ယောက်ျားလေးနဲ့ အတူမနေဘူးတာရော ဟုတ်ရဲ့လား?..
အခု JungKook ရဲ့ပုံစံက အရမ်းကျွမ်းကျင်တဲ့ အဆင့်ကို ရောက်နေတယ်.. ဘယ်နေရာကို ထိရင် ခန္ဓာကိုယ်တွေ တုန်ယင်တက်လာမယ်ဆိုတာ JungKook က ကောင်းကောင်းသိတယ်..
နားထင်တွေကို အတင်းဖိနမ်းလို့ ခပ်ကြမ်းကြမ်းအသုံးအနှုန်းနဲ့ စကားတွေကိုလည်း လှော်ပေးသေးတယ်..
သူ့ပေါင်တွေကို ဒူးတွေနဲ့ အတင်းဖြဲကားပြီး တွန်းဖွင့်လို့ဝင်လာတယ်.. နမ်းနေရင်းနဲ့ ဘောင်းဘီဇစ်ကို ချွတ်နေတာကြောင့် သူ့မှာ ညည်းသံတွေသာ အစဉ်မပြတ် ထွက်နေမိတယ်.. JungKook က ဘာကိုမှ ထပ်ပြီး မစောင့်ဆိုင်းချင်တော့သလိုမျိုး သူ့အပေါ်မှာ ရေးကြီးသုတ်ပြာနိုင်လှတယ်..