EP 3
" Ohhh.. တကယ်ကြီး?.."
"..."
" တကယ်ကြီး ကျနော့်ကို ကြွေသွားတာ?.."
JungKook က ဘောင်းဘီအိတ်ကပ်ထဲကနေ လက်တွေထုတ်လို့ နှုတ်ခမ်းတွေကို ကွယ်ပြီး အံ့သြသလို လုပ်ပြတယ်.. ဒါက တမင်လုပ်ပြတဲ့ အမူအရာဆိုတာ ဘယ်သူ့မှ လက်တို့မေးနေစရာတောင် လိုမနေဘူး..
စူးရဲတဲ့ JungKoook မျက်လုံးတွေနဲ့ ခဏအကြာမျှ မျက်လုံးခြင်းဆုံနေရာမှ သူ လက်ထဲက မီးခြစ်ကို တစ်ချက်ခြစ်လိိုက်ရင်း ဆော့လိုက်တယ်.. ချောက်ဆိုတဲ့အသံနဲ့အတူ နောက်ဆက်တွဲ မီးညွှန့်စ လင်းတဲ့ ဖျစ်ခနဲ့အသံကိုပါ ကြည်ကြည်လင်လင်းကြားလိုက်ရသေးတယ်..
သူဘာတစ်ခွန်းမှ မှတ်ချက်ပြန်မပြုတဲ့အပေါ် JungKook က လက်ခုပ်တီးလို့ အားရပါးရရယ်ချတယ်.. လိုချင်တာကို တွေးပြီး နှစ်ထောင်းအားရနေပုံပဲ.. ရေရေရာရာတော့ မသိပေမယ့် ကျေနပ်နေလို့ တစ်ဟားဟား အော်ရယ်နေတယ်ဆိုတာ ခုန်ပေါက်နေတာက သက်သေ..
ပါးပြင်ပေါ်ကို အေးခနဲ့ ခံစားချက်.. တစ်ချက်.. နှစ်ချက်.. နားဖျားကနေ ဆံစတွေပါ စိုစွတ်လာသလိုခံစားရပြီး.. စိတ်အထင်ကြောင့် မော့ကြည့်လိုက်တဲ့အချိန်မှာပဲ သူ့မျက်နှာပြင်ဟာ ရေနဲ့တိုက်ရိုက် အပက်ခံလိုက်ရသလို ဖြန်းခနဲ မိုးရေတွေကြားထဲ စိုစွတ်သွားခဲ့တယ်.. မိုးတွေ ရွာနေခဲ့တာပဲ..
ကားတံခါးဖွင့်ဖို့ လက်လှမ်းနေတဲ့ သူ့ကို ရုတ်တရက်ကြီး JungKook က ဆွဲခေါ်သွားပြီး ရွှဲရွှဲစိုနေတဲ့ ကတ္တရာပေါ် အတူယှဉ်ရပ်လို့ ပုခုံးကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်ထားရင်း အကြည့်ခြင်းရအောင်ဆုံကာ မိုးရေတွေကြားထဲကနေ သူ့ကို အပြုံးကြီးကြီးနဲ့ ပြုံးပြနေတယ်..
JungKook က မိုးရေတွဲခိုနေတဲ့ မျက်တောင်ဖျားတွေကို တစ်ဖျတ်ဖျတ် ခတ်နေရင်းနဲ့ သူ့ကို အကြာကြီးစိုက််ကြည့်နေခဲ့တာ.. စိုစွတ်သွားတဲ့ ခန္ဓာကိုယ်တွေမှာ ကပ်သွားတဲ့ အကျီတွေကြောင့် JungKook မျက်လုံးတွေ အဲ့အပေါ် အာရုံရောက်သွားချိိန်..
သူ ရုန်းလိုက်သေးပေမယ့် ကြည့်လို့ဝတာနဲ့ မေးရိုးနှစ်ဖက်ကနေ ဆွဲကိုင်ပြီး နှုတ်ခမ်းတွေကို မလွှတ်တမ်း နမ်းတော့တဲ့ JungKook ကြောင့် သူ JungKook ပုခုံးပေါ်မှာသာ လက်တွေကို အလိုအလျှောက်တင်ထားမိသလို ဖြစ်သွားရင်း အတင်းအကျပ်နမ်းတာကို ခွင့်ပြုမိလိုက်သလိုလို..