EP-4
" မင်း Hyung က ချောတယ်နော်.."
" သူက Model လုပ်တာလေ.."
JungKook ဘတ်စကပ်ဘောကွင်းထဲရောက်နေပေမယ့် မဆော့ဖြစ်ဘဲ အားပေးခုံတန်းတွေမှာ ဘောလုံးကို ကိုင်ထားရင်း ဒီအတိုင်းသာ ထိုင်နေတာဖြစ်တယ်..
ဘောလုံးလုရင်း တစ်ဖက်က ဂျာမန်ကောင်ကို ကိုးရီးယားလို နားမခံသာအောင် ဆဲပြီး အနားရောက်လာတဲ့ Daniel က ရေမြန်မြန်သောက်ကာ ရေဗူးကို အဖုံးမပိတ်ဘဲ သူ့ဘေး ဒီတိုင်းချခဲ့ရင်း ကွင်းထဲ ပြန်ပြေးဝင်သွားတယ်..
Daniel က လက်ထဲ ရောက်လာတဲ့ ဘောလုံးကို ကြိုးစားပမ်းစားပုတ်နေပြီး ပိုက်ကွန်ထဲ လှမ်းထည့်လိိုက်ပေမယ့် အရပ်အရှည်ကြီးတွေနဲ့ တစ်ဖက်က ကပြားကောင်တွေကိို ဘယ်လိုမှ မယှဉ်နိုင်ခဲ့..
ဆဲဆိုပြီး ဘေးက ခုံံမှာ ပြန်လာထိုင်တဲ့ Daniel ကို သူ ရေဗူးထိုးပေးလိုက်ရင်း နှစ်သိမ့်လိုက်တယ်.. စိတ်အရမ်းကြီးတဲ့ Daniel က အရှုံးကို လက်မခံနိုင်ဘူး.. ဒါပေမယ့် ဟိုဘက်က ကောင်တွေကိုလည်း သူ နိုင်မနေဘူး..
သူကတော့ ရှင်းတယ််.. မနိုင် နိုင်ရင် အစထဲက မကစားဘူး.. ဘာလုပ်ဖို့ ချွေးထွက်ခံနေမှာလဲ?.. အနိုင်နဲ့ အရှုံးပဲ ရှိတဲ့ ကစားပွဲမှာ သူက အရှုံးကို လက်မခံနိုင်တဲ့အတွက် အစထဲက ကစားပွဲထဲကို ခေါင်းတောင်မလှည့်ဘူး..
စိန်လာခေါ်ရင်တော့ တစ်မျိုးပေါ့.. အားယားပြီး ကိုယ့်ခြေထောက်နဲ့ကိုယ်တော့ အညောင်းခံပြီီး ဝင်ပြိုင်နေမှာ မဟုတ်..
" ငါက Hyung ကို လိုက်မယ်ဆိုရင်ရော?.."
Daniel က သူ့ကို မျက်လုံးစွေကြည့်လို့လာတယ်.. သူ့ပါးစပ်က ဒီစကားထွက်လာတဲ့အပေါ် တစ်ချက်တော့ အံ့သြသွားပုံပဲ.. ဒါပေမယ့် ယောကျာ်းလေးချင်း ကြိုက်တာကို အထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ လူတွေနဲ့စာရင်တော့ ကွဲပြားတယ်..
ရေဗူးထဲက ရေတွေကို အကုန်မော့သောက်လိုက်ပြီး ရေဗူးအခွံကို သူ့ဆီပြန်ပစ်ပေးလို့လာတယ်..
" လွယ်မယ်ထင်ရင်ပေါ့.."
အင်း.. လွယ်တော့ မလွယ်လောက်ဘူးပေါ့.. ကြည့်ရတာ SeokJin Hyung က ရည်းစားရှုပ်မည့်ပုံ.. အဲ့လို မျက်နှာလှလှလေးနဲ့ မပွင့်တစ်ပွင့်လုပ်တတ်တဲ့အထာလေးတွေက တကယ်တမ်းကျ ကြောက်ဖို့ကောင်းသည်် ပြောရမည်.. အဲ့မျက်နှာလေးရဲ့ နောက်မှာ မမြင်နိုင်တဲ့ လှည့်ကွက်မျိုးစုံ ရှိနေတတ်တယ် မဟုတ်လား?..