EP 2
နမ်းတာလေးကို?..
အဲ့တာ မဆင်မခြင်ပြုမူတဲ့ အမူအရာမဟုတ်ဘူးလား?..
မီးခြစ် ခြစ်ပေးလာတဲ့ JungKook ကို တစ်ချက်ပြုံးပြလိုက်ပြီး ဆေးလိပ်မီးညှိကာ နှစ်ရှိုက်လောက်ဖွာလိုက်တယ်..
အသေအကြေလုပြီး နမ်းထားတဲ့အရှိန်ကြောင့် စိိုကပ်ကပ််ဖြစ်နေဆဲ နှုတ်ခမ်းတွေက တကယ်် ထုံထိုင်းနေတယ်..
ပြီးတော့ အခန်းက သီီချင်းသံရယ် JungKook ကိုကိန်း တန်းနေတဲ့အသံရယ်က လွဲရင် ငြိမ်သက်နေတယ်.. သူက ဒီလို ငြိမ်နေတဲ့ ပတ်ဝန်းကျင်ကို စိတ်ကျဉ်းကျပ်တယ််လို့ ခံစားရတယ်.. သူက အနုပညာရှင်မို့ လူတွေအများကြီးကြားထဲမှာပဲ နေသားကြနေခဲ့လို့လားတော့ မသိဘူး..
ဆေးလိပ်သောက်ရင်း သူသက်ပြင်းတွေချနေမိတယ်.. ဒီစိတ်ဝင်စားဖို့မကောင်းတဲ့အခန်းကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး..
သူရှုပ်ထွေးနေတာ တစ်ခုရှိတာက.. နောက်ရက်မှာ တက်ရမယ့် ပွဲမှာ လက်ရှိသူ့ရဲ့ တိတ်တိတ််ပုန်းရည်းစားလည်း တက်ရောက်မှာဖြစ်တယ်..
အဲ့တစ်ယောက်က အမည်ကြီး K-Pop Group တစ်ခုရဲ့ခေါင်းဆောင်.. main dancer တစ်ဖြစ်လည်း သူ့ကို SeokJin တော်တော်ကြိုက်ခဲ့တာပါ..
ဒါပေမယ့် အဲ့ဒီတစ်ယောက်က သူ အခြားတစ်ယောက်နဲ့ Date တာကို မိထားတယ်.. ပြောရရင် လက်ရှိရည်းစားရှိိရက်နဲ့ နောက််တစ်ယောက်ကို အီစီကလီလုပ်ထားမိတဲ့ သူ့အဖြစ်အပျက်ပေါ့..
အဲ့ case ကြောင့် Schedule ဘယ်တော့မှ မအားတဲ့ သူ့ရဲ့တိတ်တိတ်ပုန်းရည်းစားက သူ့ကို မန်နေဂျာကနေတစ်ဆင့် စကားပြောဖို့ ချိန်းနေတယ်..
သူ ဖြေရှင်းမပြချင်ဘူး.. အားလုံးဖြစ်ပျက်ပြီးသွားပြီဆိုတော့ အတိတ်ကို ပြန််ခြယ်လှယ် ပြင်ဆင်ခြင် မနေချင်ဘူး.. သူက အမြဲအဲ့လိုပဲ ရှုပ်ထားတာမှန်ပေမယ့် မှားသွားပါတယ်ဆိုတာကို ဝန်ခံဖို့ ဝန်လေးတယ်ပြောရမယ်..
မတွေ့ချင်လို့ ဥပေက္ခာပြုထားပါတယ်ဆိုမှ သည်းကြီးမည်းကြီး သူ့ကိုတွေ့ဖို့တောင်းဆိုနေတယ်တဲ့.. အမည်ကြီးတဲ့ အဲ့တစ်ယောက်က များလွန်းတဲ့ မီဒီယာတွေကိုရှောင်ပြီး အပြင်ထွက်ဖို့ ဘယ်လိုမှ အဆင်မပြေတဲ့အခါ နောက်ဆုံးတော့ မိုင်ယာမီမှာ တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်တဲ့လား?..