မိုးရေထဲမှာမင်းသမီးလေးကလူဆိုးတွေရန်ထဲကနေထွက်ပြေးနေစဉ်ဟီးရိုးကအရှေ့ကနေပိတ်ရပ်လိုက်ပြီး
"ကိုယ်ကမင်းကိုကာကွယ်ပေးမယ်" ဆိုပြီးသူ့ခြုံထည်ကိုမင်းသမီးအပေါ်ခြုံလိုက်တော့ကိုယ်ယောင်ပျောက်သွားကြတော့တယ်...။
လူဆိုးတွေရောက်လာတော့ဘယ်သူမှမရှိကြတော့ပဲ
"ဘယ်ရောက်သွားတာလဲ?" ဆိုပြီးလိုက်ရှာနေချိန်trailer 1ပြီးဆုံးသွားခဲ့ပြီး
"တိုလိုက်တာကွာထပ်စောင့်ရဦးမယ်" ဆိုပြီးစိတ်ညစ်သွား၍ထသွားတာပေါ့...။
။။။
လွန်ခဲ့သောတစ်လခန့်က...
"ဥက္ကဌခင်ဗျဧည့်သည်ရောက်နေပါတယ်"
"ဝင်လာခိုင်းလိုက်"
"ဝင်သွားလို့ရပါတယ်ခင်ဗျ" ဆိုပြီးပြောလိုက်ပြီးထိုဧည့်သည်လည်းဝင်လာကာထိုသူကတော့တခြားသူမဟုတ်ဘဲရှယ်ယာရှင်အကြီးစားဖြစ်နေတော့ချက်ချင်းထလိုက်ရကာ
"အာရှယ်ယာရှင်?ဒီကိုဘယ်လို?"
"ထိုင်ပါရပါတယ်အရေးကြီးပြောစရာလေးရှိလို့ပါ"
"ကြိုပြောရောပေါ့ဗျာဘာမှလည်းဧည့်ခံစရာ-"
"ရတယ်အိမ်မှာဗိုက်ပြည့်အောင်စားလာတာမို့လို့ဗိုက်တင်းနေပြီလက်ဖက်ခြောက်ပဲ"
"အာရတာပေါ့ဗျခနလေးပါနော်"
"ရတယ်အေးဆေး" ဆိုပြီးထိုင်နေလိုက်တော့တယ်။
လက်ဖက်ခြောက်ကိုယူလာပေးပြီး
"ပူသေးတယ်ဗျ" ဆိုပြီးထိုင်လိုက်ကာ
"ဒါနဲ့အရေးကြီးကိစ္စဆိုတာက?"
"အာအဲ့ဒါက...အဆင်ပြေမှပါ"
"ဘာကိုလဲဗျ?"
"ကျွန်တော့်သားကိုမြင်ဖူးလား?"
"သား?"
"ဪဟိုတစ်ခါပြတဲ့"
"အာဟုတ်ကဲ့မှတ်မိပါတယ်ဗျ"
"အဲ့ဒါ...ဟိုဘက်ကသားလေးနဲ့လက်ဆက်ပေးချင်လို့ပါ"
"လက်ဆက်?ကျွန်တော့်သားနဲ့???"
YOU ARE READING
Right person at the wrong time ✓ || Heeki 🦌🐥
Romanceမှားယွင်းသောအချိန်မှာမှန်ကန်သောသူနဲ့လာဆုံခဲ့တယ်...။ ဟာသအရောလေးဖြစ်တာကြောင့်ရယ်စရာကောင်းပြီးရိုမန့်တစ်လည်းဆန်တာကြောင့်လည်းအကြမ်းခန်းတွေပါဝင်ပါတယ်ရှင့်၊အကြမ်းမကြိုက်သောသူတွေwarningပြထားသောအပိုင်းများဖတ်ရှုဖို့အကြံမပြုပါ။