သတိလည်းရလာကောခုံပေါ်ကြိုးချည်ခံထားရပြီးနီခီလည်းရုန်းနေကာ
"လွှတ်ပေး!!လွှတ်ပေးလို့!!!" ဆိုပြီးအော်ဟစ်သောင်းကျန်းနေချိန်ဟီဆွန်းကရောက်လာပြီး
"ရှူးပေါက်ချင်တယ်ရှူး" ဆိုပြီးပြောတာကိုဂရုမစိုက်ဘဲမျက်နှာနားကိုတိုးလာတော့
"ထွီ" ဆိုပြီးတံတွေးထွေးလိုက်တာပေါ့။
ဒေါသထွက်သွားပြီးစိတ်တိုတဲ့အပြုံးနဲ့ပြုံးလိုက်ချိိန်ခုံပေါ်ကနေအတင်းဆင်းပြီးလေးဖက်ထောက်လျက်သားသွားနေတဲ့နီခီကိုဟီဆွန်းကခြေထောက်ကနေကိုင်ဆွဲထားတော့တယ်။
ဆက်သွားလို့မရတော့ပဲအဲ့နားမှာပဲတစ်နေကာ
"ဘယ်ထွက်ပြေးမှာလဲ?"
"ဖယ်" ဆိုပြီးအတင်းရုန်းသော်လည်းဟီဆွန်းကပိုအားကြီးတာကြောင့်တရွတ်တိုက်လေးပါသွားပြီး
"တောင်းပန်ပါတယ်ကျွန်တော်မှားမှန်းသိပါတယ်ဒါကြောင့်မို့ကျေးဇူးပြုပြီး...ပြန်မပို့ပါနဲ့လက်လည်းတကယ်မထပ်ချင်လို့ပါ" ဆိုပြီးလက်အုပ်ချီရင်းတောင်းဆိုတာပေါ့။
"ပြီးတော့အကိုညီလည်းလက်မထပ်ချင်ပါဘူးသူနဲ့အတူတူဒီအစီအစဉ်ကိုဆွဲလိုက်ကြတာပါ"
"..."
"မသိဘူးလား?မပြောပြဖူးဘူးလား?"
"..."
"သူ့ကိုမေးလိုက်ပါမေးကြည့်ရင်သိရပါလိမ့်မယ်"
"ဒါပေမဲ့ငါ့မိဘတွေကလက်ထပ်စေချင်ရင်လက်ထပ်ခိုင်းရမှာပဲသူ့ဆန္ဒတွေမင်းဆန္ဒတွေငါဂရုမစိုက်ဘူး" ဆိုပြီးထသွားပြီး
"ရားးးကိုယ့်ညီဆန္ဒကိုနည်းနည်းပါးပါးလေးကြည့်ဦးမှပေါ့ဘယ်လိုအကိုမျိုးလဲ?" ဆိုပြီးပြောလိုက်တော့ကြောက်ဖို့ကောင်းစွာပြန်လှည့်လာကာမျက်နှာနားကြီးတိုးလာပြီးစိုက်ပဲကြည့်နေတော့တယ်။
ဘာမှဆက်မပြောတော့မှထသွားပြီးအခန်းထဲကနေထွက်သွားကာ
"နေပါဦးငါနေရတာတစ်-ရားးးခုံကိုပြန်တညိ့ပေးသွားဦးလေငါဒီလိုတစ်ဇောင်းကြီးပဲနေနေရတော့မှာလားလို့???ဪ???လူစိတ်မရှိတဲ့သူဘယ်လိုလူလား?" ဆိုပြီးအော်ဟစ်နေပြီး
YOU ARE READING
Right person at the wrong time ✓ || Heeki 🦌🐥
Romantizmမှားယွင်းသောအချိန်မှာမှန်ကန်သောသူနဲ့လာဆုံခဲ့တယ်...။ ဟာသအရောလေးဖြစ်တာကြောင့်ရယ်စရာကောင်းပြီးရိုမန့်တစ်လည်းဆန်တာကြောင့်လည်းအကြမ်းခန်းတွေပါဝင်ပါတယ်ရှင့်၊အကြမ်းမကြိုက်သောသူတွေwarningပြထားသောအပိုင်းများဖတ်ရှုဖို့အကြံမပြုပါ။