ထသွားမလို့လုပ်တာနဲ့
"ပန်းကန်ဆေးသွားဦးလေကိုယ်စားပြီးသားပန်းကန်တော့ဆေးဦးမှာပေါ့" ဆိုပြီးပြောလိုက်တော့နီခီလည်းဆောင့်ဆောင့်အောင့်အောင့်နဲ့ပန်းကန်ကိုယူလာ၍မီးဖိုချောင်ထဲကိုရောက်လာတော့တယ်။
"ဆပ်ပြာရည်ဘူးကော?" ဆိုပြီးလိုက်ရှာနေတော့ဆပ်ပြာရည်ဘူးကိုလှမ်းယူပေးလိုက်ပြီး
"ရော့" ဆိုပြီးအနောက်ကနေဆပ်ပြာရည်ဘူးပေးတာကလည်းမျက်နှာနားကြီးကပ်ပြီးပေါ့။
လှည့်မကြည့်ဘဲယူလိုက်ကာ
"အနားအရမ်းမကပ်နဲ့" ဆိုပြီးပန်းကန်ကိုမြန်မြန်ဆေးပြီးအပေါ်ကိုပြေးတက်တော့ပြုတ်ကျမလို့ဖြစ်သွား၍
"အားးး" ဆိုပြီးအော်လိုက်ချိန်ဟီဆွန်းကပြေးလာပြီးခါးကနေလှမ်းဖမ်းထိန်းလိုက်တော့တယ်။
"အခုဘယ်ကိုကိုင်ထားတာလဲ?" ဆိုပြီးလက်ကိုဖယ်ထုတ်ပလိုက်ကာ
"နှာဘူးပဲနှာဘူး" ဆိုပြီးထပ်ပြေးတက်သွားပြန်တော့
"ချော်လဲမယ်နော်" ဆိုပြီးအော်လိုက်တာပေါ့။
တံခါးကိုမြန်မြန်ပိတ်လိုက်ပြီး
"အနှေးနဲအမြန်ဒီကနေထွက်ကိုထွက်ပြေးရတော့မယ်ဟုတ်တယ်" ဆိုပြီးထွက်ပြေးဖို့အပေါက်ကိုလိုက်ရှာဖို့ပါပဲ၊သို့သော်အိပ်ချင်စိတ်ကိုတားမရတော့တာကြောင့်ဆိုဖာပေါ်မှာအိပ်ပျော်သွားပြန်တော့တယ်။
ညနေလောက်ရောက်တော့ဗိုက်ဆာလာတာနဲ့နိုးလာပြန်ပြီးတံခါးကိုဖွင့်ကြည့်ကာအောက်ကိုကြည့်လိုက်တာပေါ့။
ဘယ်သူမှမရှိနေဘဲ
"ဘာလား?မရှိတော့ဘူးလား?" ဆိုပြီးအောက်ကိုဆင်းလာပြီးပတ်ကြည့်နေချိန်မီးဖိုချောင်ထဲကညစာပန်းကန်ကိုမြင်သွားပြီး
"ညစာပြင်ပေးသွားတာလား?ဒီလူသဘောတော့ကောင်းသား" ဆိုပြီးကိုင်မလို့လုပ်နေတုန်း
"နေဦးဆေးတွေဘာတွေတစ်ခုခုခတ်ထားရင်ဘယ်လိုလုပ်မလဲ?တစ်နေရာရာကကြည့်နေတာများလား?" ဆိုပြီးအရူးလိုလိုက်ရှာနေမိကာ
YOU ARE READING
Right person at the wrong time ✓ || Heeki 🦌🐥
Romansaမှားယွင်းသောအချိန်မှာမှန်ကန်သောသူနဲ့လာဆုံခဲ့တယ်...။ ဟာသအရောလေးဖြစ်တာကြောင့်ရယ်စရာကောင်းပြီးရိုမန့်တစ်လည်းဆန်တာကြောင့်လည်းအကြမ်းခန်းတွေပါဝင်ပါတယ်ရှင့်၊အကြမ်းမကြိုက်သောသူတွေwarningပြထားသောအပိုင်းများဖတ်ရှုဖို့အကြံမပြုပါ။