" ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း "
" ကဲ နောက်ဆုံးတစ်ခေါက်ဆိုလိုက်ပါအုံး ပန်းကလေးများပွင့်တော့မည်🎶 "
" ညီမလေးရေ အပြင်မှာ ကြီးဇင်ရောက်နေတယ်"
"ဪ ဟုတ်ကဲ့အစ်မ လာခဲ့ပါ့မယ်နော်"
" ကဲကဲ ဆရာမ ဒီနားလေးခဏသွားမယ်နော် ငြိမ်ငြိမ်နေကြနော် ပြန်လာရင် ဒီကဗျာကို အဖွဲ့ဖွဲ့ပြီး ပြိုင်ဆိုကြမယ်နော်
ကိုယ့်အဖွဲ့နိုင်အောင်လို့ ကြိုကျင့်ထားကြနော် ကလေးတို့ရေ ""ဟုတ်ကဲ့ပါ ဆရာမ "
ရာရာ လည်း ကလေးတွေကို စာပေးထားပြီး အပြင်ကိုခဏထွက်လာခဲ့သည်။
"အန်တီဇင်ရယ် သမီးဒီမှာ ဝယ်စားလိုက်ပါ့မယ်ဆိုတာကို ဘာလို့တကူးတကလာပို့တာလဲ"
"ရပါတယ်တော် ဒီကဝယ်စားရင် သမီးဝမှာ မဟုတ်ဘူး အဲ့တာကြောင့် ထမင်းချိုင့်လာပို့တာ "
"အန်တီဇင်ကတော့လေ တကယ်ပါပဲ"
" ဆရာမရေ သားတို့ရပြီ "
"အေးအေး ကဲ အန်တီရေ သမီးအတန်းပြန်ဝင်လိုက်ဦးမယ်နော် "
"အေးပါ သမီး ကျောင်းဆင်းရင်လဲဂရုစိုက်နော်"
"ဟုတ်ကဲ့ပါရှင်"
ရာရာ အောင်စာရင်းမထွက်ခင် အန်တီဇင်တို့ နယ်ကိုလိုက်လာပြီး မူလတန်းကျောင်းလေးမှာ ဆရာမဝင်လုပ်သည်။
ဆယ်တန်းမအောင်သေးပေမယ့် ရာရာ့ရဲ့ကြိုးစားမှုကြောင့်
အဖြူနဲ့အစိမ်းလေးဝတ်ပြီး ဆံထုံးထုံးကာ သူငယ်တန်းကလေးလေးတွေရဲ့ ဆရာမလေးတစ်ယောက်ဖြစ်လာခဲ့သည်။ကျောင်းဆင်းတဲ့ခါလည်းကလေးတွေနဲ့အတူတူ အိမ်ပြန်ဖြစ်သည်။
မြို့ပြအငွေ့သက်တွေနဲ့အဝေး
လယ်ကွင်းစိမ်းစိမ်းလေးတွေဘေးက လမ်းကနေ အိမ်ကို
ကိုယ့်တပည့်လေးတွေနဲ့ ပြန်ရတာကလဲ ပျော်စရာကောင်းလှသည်။"ဆရာမလေး"
"ရှင်"
"ကျွန်မ ဆွဲခြင်းကိုင်ပေးပါရစေ"
"ဪ ရပါတယ် အစ်မရဲ့"
"မဟုတ်တာ ကျွန်မဆွဲပေးချင်လို့ပါ "