Part 1

568 39 6
                                    

"အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု"

အမျှဝေသံနှင့်အတူထွက်ပေါ်လာသောကြေးစည်သံ။မိုးသောက်အလင်းရောင်ပျို့သည်နှင့် ဤအိမ်ကြီး၌ထွက်ပေါ်လာသောအသံချိုချိုလွင်လွင်။အိမ်ရှိလူများအတွက် ကုသိုလ်နှင့်စသော မင်္ဂလာရှိသည့်အိမ်ဂေဟာပင်။

"မမကြီး ဘုရား၀တ်ပြုလို့ပြီးပြီတူတယ်။ဆင်းလာရင်အဆင်သင့် ဖြစ်အောင် စီစဉ်ထားကောင်မလေးတွေ။ဆွမ်းချိုင့်ရောအဆင်သင့်ဖြစ်ပြီလား၊မြန်မြန်သွက်သွက်လုပ်ကြ သံဃာတွေကြွလာတော့မယ်"

"ဆွမ်းတော်ဗျို့" အိမ်တော်ထိန်းဒေါ်လေးကြည်၏အသံပင်ဖုံး‌သည်အထိ အသံအောင်သော ဘုန်းကြီးကျောင်းသားလေးပင်။အသံကြားသည်နှင့် လှေကားမှ သွက်သွက်ဆင်းလာသူမှာ အိမ်ကြီးရှင် မမကြီးပင်။

သံဃာတော်အရှင်သူမြတ်များအား ဆွမ်းလောင်းနေပုံပင် ပကတိ အေးချမ်းလှတော့ အမျိုးသမီးကြီးဖြစ်သည်။ရုပ်ရည်အသွင်အပြင် တည်ကြည်ကာ စိတ်ထားမွန်မြတ်လှသဖြင့် မမကြီးဟုဆိုလျှင် တောင်ကြီးမြို့ငယ်လေး၌မသိသူမရှိ။အလှူအတန်း၌ မတွန့်တိုသလို စီးပွားရေး၌လည်း ထက်မြတ်သူတစ်ယောက်ပင်။

ဆွမ်းလောင်းခြင်းပြီးစီးသွား၍ နာရီအားကြည့်သော် နံနက်၆နာရီသာရှိသေးသည်။

"ဒေါ်လေးကြည်ရေ ကျွန်မပန်းပင်လေးတွေ ရေပေး,ပေးပါအုံးနော်"

"ဟုတ်ပြီ မမကြီးရေ အဲ..သမီးစောရေ" စောပြုံးရုံသာပြုံးပြပြီးအပေါ်ထပ်တက်လာခဲ့သည်။ဆိုင်ဖွင့်ရက်ဖြစ်သည့်အတွက် ပြင်ဆင်ရလေသည်။မိတ်ကပ်ပါးပါးလေးလူးကာ နှုတ်ခမ်းပါးအား နီညိုရောင်ဆိုးဆေး တင်လိုက်သည်။အ၀တ်စားလဲပြီးသော် အိမ်က ကောင်မလေးများသီပေးထားသည့် စံပယ်ပန်းအားဆံထုံး၌သပ်သပ်ရပ်ရပ်ပန်လိုက်သည်။ကိုယ်လုံးပေါ်မှန်၌ ကိုယ့်ကို သဘောကျနေမိ၏။

ထိုအချိန် စော ဖုန်းသို့၀င်လာသော ဖုန်းcallတစ်ခု။အပြုံးချိုချိုအားပန်ဆင်ကာ

"စောနန်းသီ ပြောနေပါတယ်ရှင်"

"အစော"

"ဝေ"

မေတ္တာရေကြည် ဘယ်သို့တည်Where stories live. Discover now