Part-4

182 15 5
                                    

"ငွေစန္ဒာရယ်ထိန်ထိန်သာ
တိမ်စင်ပြာပြာမိုးသားထက်မှာ
လင်းကာ ပြိုးပြိုးပျက် ရှိန်ဝါ
ပျော်စရာကွယ် ဒီချိန်တိုင်း
မောင်ရယ်တူတူနေချင်တယ်
ငွေသောင်ခုံပေါ်တွဲလျှောက်လို့ရယ်
စကားတွေ တတွတ်တွတ်ပြောချင်တယ်
နှစ်ဦးသား အချစ်တွေဖလှယ်"

အသံချိုချိုကြောင့် ဖိုးလမင်းကြီးသည်ပြုံးပြသယောင်ပင်။၀ရံတာ ကိုမှီပြီး သီချင်းဆိုနေသည့်အမျိုးသမီး၏အလှကို လရောင်က ပံ့ပို့ပေးထားသလို ကြည်လင်နေသည်။ပတ်၀န်းကျင်နှင့် လေပြေတို့လည်း သူမ၏ တေးသံသာအား အားပေးသည့်နှယ် လေပြေက အေးအေး၊ ပတ်၀န်းကျင်ကားတိတ်ဆိတ်လျှက်ရှိသည်။

"မေမေ" ဖိုးလမင်းအားကြည့်ကာ ဈာန်၀င်နေသည့်အတွက်သား ခေါ်သည်ကို ခက် လန့်သွားသည်။

"မေမေ လန့်သွားတာလား"

"မလန့်ပါဘူးကွယ်"

"မေမေ့ခန္ဓာကိုယ်လေး တုန်သွားတာ သားမြင်သားဘဲ" ခက်သည် တွေတွေသာ အဝေးကိုငေးနေလိုက်သည်။သား ကိုမျက်နှာချင်းမဆိုင်ချင်။

"သားလာကန်တော့တာ ပြီးတော့ ဒီညမေမေနဲ့စကားပြောချင်တယ်"

"မနက်ခရီးသွားရမှာကို"

အနွေးဓာတ်....ခက်အတွက်တစ်ခုတည်းသော အနွေးဓာတ်။ငယ်ငယ်က ခက် ရင်ထွေးပိုက်ခဲ့ရသော သားငယ်သည် ယခု ခက်ခိုလုံ၍ရသော ရင်ခွင်အဖြစ်ပြောင်းလဲလာခဲ့သည်။တိုင်းတပါးသို့ပညာတော်သွားသင်မည့် သားလိမ္မာအား ခက် မခွဲချင်ပင်။

"မေမေ"

"ဟိုမှာ သားဖေဖေနဲ့ ပျော်ပျော်နေပါ"

"မေမေအထီးမကျန်ဘူးလား ဖေဖေနဲ့"

"တိတ်စမ်း" အသံချိုချိုသည် ခက်ထန်သွားသည်။အကြည့်ကား မုန်းတီးမှုများအပြည့်ပင်။သား ရင်ခွင်ကိုတွန်းကာ ခက် ဖိုးလမင်းကိုသာကြည့်နေမိသည်။သို့သော် ထိုမျက်၀န်းများ၌ နာကျဉ်မှုများသည် မပြယ်။

သို့သော် ခရီးသွားမည့် သားငယ် ကို‌ကြည့်ပေးရမည်။

"Sorry သားငယ်။မေမေ အထီးမကျန်ပါဘူး။သား ဖေဖေက‌လည်း ဟိုမှာပျော်နေပါပြီ။မေမေ သားကို အမှန်တိုင်းပြောပြဖူးသားဘဲကွယ်။မေမေတို့ မချစ်ခဲ့ကြဘူးလို့ ဒီ့အတွက်သားကိုမေမေတောင်းပန်ပါတယ်"

မေတ္တာရေကြည် ဘယ်သို့တည်Where stories live. Discover now