"ခက်ခက်မေ"
"ဘာလည်း လှိုင်ဦးပိုင်"
"နင်က ကိုယ့်ကိုသိပ်တော်တယ်ထင်နေတာလား"
အာရုံပင်။ကျောင်း၌ ပူးတွဲအဆင့်၁ရသော ခက်နဲ့ လှိုင်ဦးပိုင်ဟာ နာမည်ကြီးပင်။သို့သော် မတည့်သည်မှာလည်းနှစ်ယောက်မရှိ။
"နင်နဲ့စကားပြောဖို့ငါ့မှာအချိန်မရှိဘူးထက်ဦးပိုင်"
"နင်ကငါ့ကိုကျော်နိုင်မယ်ထင်နေလား ခက်ခက်မေ"
"နင်ဟာ ယောက်ျားကြီးဖြစ်ပေမဲ့ အငုံစိတ်သိပ်များတာဘဲ၊ငါကအဆင့်တစ်လိုချင်တာလည်းမဟုတ်ဘူး။ငါဟာကျောင်းသူ ကျောင်းနေတဲ့အရွယ်မှာ ငါစာကြိုးစားသင့်တယ် ဒါမို့ငါစာလုပ်တယ်။နင့်လို ပြိုင်ဆိုင်လိုစိတ်တွေရှိမနေဘူး"
"ဟားးးဟားး ခက်ခက်မေက ဟာသဘဲ"
ခက် ဘေးမဲ့ပေးလိုက်သည်။ခက်အနေနဲ့ လှိုင်ဦးပိုင်ဟာ စိတ်ထဲရောခေါင်းထဲရော၌မရှိနေ။ဘာကြောင့် ခက်ကိုလိုက်ပြီး ရန်သူကဲ့သို့ ဆက်ဆံနေသလဲဆိုတာလည်းခက်မသိ။
ဤကဲ့သို့တစ်ဖက်သတ်ပြိုင်ဆိုင်မှုများဖြင့် အခြေခံအထက်တန်းကျောင်းကိုခက်ရော သူပါပြီးခဲ့သည်။ခက်က ခြောက်ဘာသာဂုဏ်ထူးထွက်သော်လည်း သူက ငါးဘာသာပင်ရခဲ့သည်။
"ခက် ဆရာ၀န်လုပ်ချင်သလား "
"ခက် ဝါသနာမပါဘူးမေမေ"
"ခက်ဘာကိုဝါသနာပါလဲသမီး"
"အနုပညာ"
"ရုပ်ရှင်မင်းသမီးဖြစ်ချင်တာလားခက်"
"ဟုတ်မေမေ"
"ဒါဆိုမေမေတို့သမီးဆန္ဒကိုဖြည့်စည်းပေးပါ့မယ်။မေမေတို့ထဲမှာ ရုပ်ရှင်အသိုင်းအဝိုင်းကအသိတွေအများကြီးဘဲ ။သို့ပေမဲ့သမီးအတွက် ဘ၀အာမခံ ထမင်းစားလက်မှတ်လိုတယ်နော်။ကျောင်းဆက်တက်ရမယ်။ဆေးကျောင်းလေးမတက်ချင်ဘူးလား "
အတင်းအကြပ်တိုက်တွန်းချင်းမျိုးမဟုတ်ဘဲ မျှော်လင့်မျက်၀န်းများဖြင့်ပေ။ခက် မိသားစုသည် ခက်ကိုမချုပ်ခြယ်ပေ။အစစအရာရာ ခက်ရဲ့ စိတ်ဆန္ဒကိုအမြဲနားထောင်ပေးသည်။
YOU ARE READING
မေတ္တာရေကြည် ဘယ်သို့တည်
RomanceSan စာမရေးတာအတော်ကြာခဲ့ပါပြီ။come backအနေနဲ့ပြန်လာတာဖြစ်ပြီး upမှန်အောင်ကြိုးစားပါ့မယ်ရှင့်