"မောင်" အရင်တစ်ချိန်က ခေါ်ခဲ့ဖူးသော နာမ်စားပိုင်ရှင်။ယခုတွင်တော့ သူများအပိုင် စောမဟုတ်သည့် အခြားအမျိုးသမီး၏ဆိုင်သူ။
"ကားပျက်နေတာလား အစော။ကျွန်တော် တို့ကားနဲ့လိုက်ခဲ့လေ"
"ဟင့်အင် ရပါတယ်။အစော ဦးလေးဇော်ကိုစောင့်လိုက်မယ်ရယ်"
"မမစောကလည်းဖူး တို့ကားနဲ့ လိုက်ခဲ့လေ၊နော် ကိုကိုနော် မမစောကိုခေါ်ပါအုံး"
"ရပါတယ် ညီမလေးရယ် ဦးလေးဇော်က လာတော့မှာပါ"
"ဟုတ်သား လမ်းလည်းကြုံနေတာကို"
"မမကြီး" ကယ်တင်ရှင်ဦးလေးဇော်ပင်။မိမိရှေ့မှ လူများက မျက်နှာမပူပေမဲ့ စောကတော့သူတို့ကိုတွေ့ရသည်မှာ မျက်နှာပူလှသည်။
"ဖူးရေ ဦးလေးဇော်လည်းရောက်လာပြီဆိုတော့ ကျေးဇူးဘဲနော် ဖြေးဖြေးသွားကြအုံး"
"ဟုတ်မမစော ဖူးတို့သွားနှင့်ပြီ" ထိုသည်နှင့် သူတို့ကားလေးမှာ တဖြေးဖြေး တရိပ်ရိပ်ဝေးသွားလေသည်။
"မမကြီး ရပါပြီ"
"ဟုတ်ပြီနော်" ကားပေါ်သို့ပြန်တက်လိုက်ပြီး အတွေးများသည်လည်း အတိတ်ဆီသို့။
- - - - - -
ဖြူ၊ပြာ၊နီ၊ဝါ စသည်ဖြင့် အရောင်အသွေးစုံလင်သော ကျောင်းသူ၊ကျောင်းသားများသည် ပျားပိတုန်းများကဲ့သို့ကိုယ်စီကိုယ်ငှ အလုပ်ရှုပ်နေကြသည်။ထိုထဲတွင် ထက်တို့အုပ်စုသည်လည်းအပါအ၀င်ပင်။
"မယ်လိုဒီ"
"ဟုတ် တီချယ်"
"တီချယ့်ကို သမီးမေမေ့ဆီ ဒီဖိတ်စာလေးပေးပေးပါအုံး လာဖြစ်အောင်လာပါလည်းပြောပေးအုံးနော်"
"ဟုတ် ကျွန်တော် ပေးလိုက်ပါ့မယ် တီချယ်"
ကျွန်တော် က ရတနာပုံတက္ကသိုလ်၌ပညာနို့ရည်သောက်သုံးနေသော အင်္ဂလိပ်စာအထူးပြု ကျောင်းသူတစ်ယောက်ဖြစ်သည်။မိဘအရှိန်အဝါကြောင့်ရော ကျွန်တော် ရဲ့ ပညာထူးချွန်မှုကြောင့်ပါ popular ဖြစ်သည့်အထဲပါသည်။ ကျွန်တော် ဖေဖေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး မေမေက "ပညာ့အလင်း" ဘော်ဒါဆောင်၏ပဲ့ကိုင်ရှင်ပင်။
YOU ARE READING
မေတ္တာရေကြည် ဘယ်သို့တည်
RomanceSan စာမရေးတာအတော်ကြာခဲ့ပါပြီ။come backအနေနဲ့ပြန်လာတာဖြစ်ပြီး upမှန်အောင်ကြိုးစားပါ့မယ်ရှင့်