Part-3

214 15 2
                                    

"သွားကျိုးလေး"

"ဟာဗျာ"

"မဟုတ်ဘူးလားကွဲ့"

"ဟီး ဟုတ်တယ် မမစောလို့ခေါ်ရမလား၊မမသီလို့ခေါ်ရမလား"

"ရှင်လေးသဘောကျခေါ်တော်မူရှင်။ကလေးတွေခေါ်တဲ့အတိုင်း အစောလို့ခေါ်ချင်ခေါ်ပေါ့"

"အစော"

"ရှင့်"

"ဟီး ချစ်စရာလေး"

"အယ် သွားကျိုးလေးကတော့"

"ဟာ အစောကလည်း ‌ငယ်လေးမှာ သွားတွေ အများကြီးရှိပါပြီ ‌မယုံရင်ဒီမှာကြည့်"

သူမ၏သွားသေးသေးလေးများအား စိကာလက်ညိုးထိုးပြနေပုံကချစ်စရာပင်။စော ထောက်ခံပြုံး ပြုံးပြကာ ခေါင်းညိမ့်ပြလိုက်သည်။

"ငယ်လေးညိုနော်"

"ဟုတ်"

"ညိုလေးတောင်တော်တော်ကြီးလာပြီဘဲ"

ထိုအမျိုးသမီးကြီးသည်ထူးဆန်းသည်။အများစုက ငယ်လေး၊ငယ်ငယ်၊ညိုညို ဟုခေါ်ကြသော်လည်း သူမကတော့ ညိုလေးဟုခေါ်သည်။

"29ပြည့်ပြီးပြီလေဟီး"

"ဟော်တော် တဟီးဟီးနဲ့ပြောနေတာ ကျွန်မက နွားပွဲစားမဟုတ်ဘူးနော်"

"ဟာ‌ဗျာ"

"ဒါနဲ့ ဘာအလုပ်လုပ်နေလဲ၊ခင်ခင်ရော နေကောင်းရဲ့လား။ကျောင်းသားဟောင်းပွဲကျရင်လာပါအုံးလို့ပြောပေးအုံးနော်"

"ဟုတ် အစော။ငယ်က study guide လုပ်နေတာ။မမကနေကောင်းပါတယ် ပြီးတော့ငယ်ပြောလိုက်ပါ့မယ်"

"ဟုတ်ပါပြီရှင်။ဒါဆိုအစောကိုခွင့်ပြုပါအုံး အိမ်ပြန်နောက်ကျနေပြီမို့"

"လိုက်ပို့မယ်‌ေလ အစောကားမပါဘူးမလား"

"အယ် ဘယ်လိုသိ"

"အစော၀င်လာကတည်းက ငယ်လေးကြည့်နေတာကို"

ပြုံးခြင်း၊ထိုအပြုံးသည်ကား ရှက်ပြုံး သည်လား။မခို့တရို့ပြံုးပုံက စွဲလန်းဖွယ်အတိ။ အတော်ကျက်သရေ ရှိသောအမျိုးသမီးပါပင်။

"ဒါဆိုလည်းလိုက်ပို့လေ"

"ငြင်းမယ်ထင်တာ "

မေတ္တာရေကြည် ဘယ်သို့တည်Where stories live. Discover now