Jisoo’s Point of view:တိုင်ဖုန်းရှိ၍ စိတ်ညစ်စရာကောင်းလောက်အောင် မိုးရွာနေသော နေ့တစ်နေဖြစ်သည်။
မိုးရွာသည်ကို ကြိုက်သည်ဆိုတာကလည်း မိုးရွာနေသည့်အချိန် အိမ်က အိပ်ယာပေါ်မှာ chillနေရတာကို ကြိုက်ခြင်းသာ။
ယခုလို သည်းသည်းမည်းမည်းရွာနေချိန် အလုပ်လာတက်ရတာကတော့ မည်သူမှ ကြိုက်မည် မထင်ပါချေ။ပြီးတော့ ဒီနေ့က သူ S Companyကို ဒါရိုက်တာအနေဖြင့် ပထမဆုံးရုံးတက်ရသည့် နေ့လည်း ဖြစ်သည်။ သူတာဝန်ယူရရသည့် ဌာနရှိ လူများအား နေ့လည်စာဝယ်ကျွေးရင်း အကြမ်းဖျင်းနှုတ်ဆက်ပြီးနောက် ရုံးခန်းထဲ ဝင်၍ ပစ္စည်းပစ္စယများကို နေရာချနေချိန် တံခါးခေါက်သံ ကြားလိုက်ရသည်။
“ဝင်ခဲ့ပါ”
“ဒါရိုက်တာကြီးခင်ဗျ”
ဂျီဆူး လှည့်ကြည့်လိုက်တော့ ပန်းအိုးအသေးလေးကို ကိုင်ထားတဲ့ လူတစ်ယောက်..
ရိုးရိုးလူတစ်ယောက်ဆိုတာထက် ရေစိုနေတဲ့ Golden Retriever ကြီးနဲ့ ပိုတူနေတဲ့ လူတစ်ယောက်နာမည်ကတ်ကို ဖတ်လိုက်တော့ ‘လက်ထောက် အီဆော့မင်’ဟုပင်။
“ပြောပါ လက်ထောက်အီ”
“အာ ဟုတ်ကဲ့ဗျ ဒါက လက်ဆောင်လေးပါဗျ”
လပ်ထောက်အီ လက်ထဲတွင် ကိုင်ထားသည်က ပန်းပွင့်ဝါဝါပိစိလေးတွေ ပွင့်နေသော လက်တစ်ပွေ့စာ အိုးလေး။
“ဒီနေ့ ကျွန်တော်တို့ ဒါရိုက်တာကြီးအတွက် စုပြီး ဝယ်ပေးထားတဲ့ လာဘ်ပွင့်ပန်းအိုးကြီးက တိုင်ဖွန်းကြောင့် နောက်နှစ်ရက်နေမှ ပို့ပေးနိုင်မယ်ဆိုလို့လေ.. အဲ့တာ..ဒါရိုက်တာကြီးရောက်ရောက်ချင်းနေ့ဆိုတော့ တစ်ခုခု လုပ်ပေးချင်တာနဲ့..”
“လက်ထောက်အီ ကိုယ်တိုင် မိုးရေထဲ သွားဝယ်လာတာလား”
“ဟုတ်တယ်ရယ် ဆိုင်ကတော့ ပန်းပွင့်ဝါဝါလေးတွေက ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတယ်လို့ ပြောလိုက်တာနဲ့ လက်ဆောင်ပေးဖို့ အဆင်ပြေမယ်ထင်လို့ ဝယ်လာလိုက်တာရယ် ဒါရိုက်တာကြီးကို လာဘ်ထိုးတာမျိုး မဟုတ်ပါဘူးနော် လုံးဝပါဗျ!”
လက်ထောက်အီ ဝတ်ထားတဲ့ အနောက်တိုင်း ဝတ်စုံပေါ်တွင် အခုထိ မိုးရေစက်ကလေးများရှိနေတုန်းပင်။
သူပြောနေသည်များက စိတ်ရင်းဖြင့် ပြောနေကြောင်း တွန့်ကွေးနေသော မျက်လုံးများနှင့် နှုတ်ခမ်းများက သက်သေပြနေသည်။ဘာလို့ အဲ့လောက်တောင် ပြုံးနေရတာလဲ
ဘယ်သူမှ မသွားချင်တဲ့ မိုးရေထဲ သွားလာတာကို ပျော်နေတာလား..
ထူးဆန်းတဲ့ လူပဲ..“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ
ကျွန်တော် ပန်းပင်လေးကို သေချာစောင့်ရှောက်လိုက်ပါ့မယ်”“ဟုတ်ကဲ့ ကောင်းကောင်းနေရစ်ခဲ့ပါ”
ဒီလို သေးငယ်တဲ့ လက်ဆောင်လေးဆိုသော်ငြား နေရာအသစ်၊ လူအသစ်တွေကြားမှာ ယခုလို ဂရုစိုက်ပေးမှုလေးက သူ့အား အနည်းနှင့်အများတော့ ခံစားသွားရ၏။
YOU ARE READING
[Complete] Eternal Cherish💟 (SeokSoo)
Fanfiction♪မင်းကို စတွေ့တဲ့နေ့ကတည်းကနေ စပြီးတော့ ချစ်ခြင်းမေတ္တာတွေက စတင်ခဲ့တာ ထင်ပါရဲ့ノ♬ recommend song - 17 by Pink Sweat(ft. Joshua & DK) "တစ်ဘဝလုံးစာ စောင့်ကြည့်ဖို့ အချိန်ယူချင်လည်း ရတယ် ကိုယ်က ဆော့မင်ကို မငြိုငြင်ပါဘူး" - 🌸 "ကိုကိုက ကျွန်တော့်အတွက် နွ...