တကယ့် အဖြစ်မှန်က..?

161 32 5
                                    


ဒီနေ့ဆိုလျှင် ဆော့မင် ဒါရိုက်တာကြီးကို တမင်ရှောင်နေတာ သုံးရက်ပြည့်ပြီဖြစ်သည်။
ထမင်းစားချိန်ဆိုလျှင်တောင် ကန်တင်းတွင် သွားမစားပဲ ‌ရုံးရှေ့က စတိုးဆိုင်က ခေါက်ဆွဲပြုတ်နှင့် ညားနေသည်မှာ သုံးရက်ရှိပြီဟုလည်း ဆိုနိုင်သည်။

အစကတော့ မရှောင်ပဲ မသိချင်ယောင်ဆောင်ပြီးသာ ပုံမှန်လိုနေဖို့ ဆုံးဖြတ်ထားသော်လည်း ဒါရိုက်တာကြီးရှေ့ရောက်လျှင်ကို မျက်နှာပူလာသည်မို့ မတတ်သာပဲ ရှောင်ပြေးနေရခြင်းသာ။

ယခုလည်း ဒါရိုက်တာကြီး အပြင်ထွက်သွားတုန်းလေး လုပ်ခိုင်းထားသည့် စာရွက်စာတမ်းများကို သူ့ရုံးခန်းထဲ ဝင်ထားနေစဉ်..

“ဆော့..အဖွဲ့မှူးအီ”
“NAE!?”

“ဒီမှာ ဘာလုပ်နေတာလဲ”
“ကျွန်တော်..အဲ..ဟိုဟာ..အင်း ဒါရိုက်တာကြီးခိုင်းထား စာရွက်စာတမ်းတွေကို ..လာ..လာပို့ပေးတာပါဗျ”

“အိုခေ..ထားခဲ့လေ”
“ဟုတ်..ဟုတ်ကဲ့ပါဗျ”

“အာ အဖွဲ့မှူးအီ အလုပ်နဲ့သက်ဆိုင်တာတော့ မဟုတ်ပေမယ့် အားတယ်ဆိုရင် Kakaotalkက ကျွန်တော်ပို့ထားတဲ့ မက်ဆေ့ခ်ျ‌လေး တစ်ချက်ဝင်ဖတ်လိုက်ပါဦး..”
“Na..Nae Nae! ကျွန်တော် အခုပဲ ဖတ်လိုက်ပါ့မယ်ဗျ”

တကယ်ကို ဒါရိုက်တာကြီးက သရဲများလားနော်!!
သူ စာရွက်စာတမ်းတွေကို တိတ်တိတ်လေး ဝင်ထားမလို့ လုပ်နေချိန် ကွက်တိကို တိုးတော့တာပဲ..

အာ နေဦး Kakaotalkကို ဖတ်ခိုင်းထားတယ်မလား

ဒါရိုက်တာကြီးပို့ထားသည်ကတော့ ဗီဒီယိုတစ်ခုပင်။

အလုပ်နဲ့ ပတ်သတ်တာ မဟုတ်ဘူးဆိုတော့ ဘာများပါလိမ့်..
ဒီဗီဒီယိုကနေ မကောင်းတဲ့ အငွေ့အသက်ရနေပေမယ့် အရင်ဆုံးတော့ ဖွင့်ကြည့်လိုက်ပါမယ်လေ..

“ကိုကို ကိုကို ကိုကိုလို့ ဆော့မင်နီးကို ထိန်းထားပေးဦး!!!!”

ဝှက်! သယ်! ဖက်!!!
ဒီသောက်ကျိုးနည်း ချွဲပစ်နေတဲ့အသံကြီးက သူ့အသံကြီးမလား!!!???

ကိုကို???
ဒါရိုက်တာကြီးကို ကိုကိုခေါ်နေတာ????
‌ငလူးးးး

တော်သေးတယ် ဗီဒီယိုကြည့်တော့မှာမို့ နားကြပ်တပ်ထားမိလို့ မဟုတ်ရင်တော့ တကယ် မတွေးရဲစရာပဲ..

“ကိုကို ဆော့မင်နီးကို ဖမ်းထား..ပေးးးးးးဦး..လို့”
ဆိုတဲ့ အသံအပြီး ဝုန်းဒိုင်းဆိုပြီး အသံကျယ်အကြီး ထွက်လာပြီးနောက် ထိုနေ့ညက ဘာတွေ ဖြစ်ခဲ့လဲ အလုံးစုံ သိလိုက်ရလေသည်။

ထိုသောကြာနေ့ညက ဆော့မင် အမူးလွန်ပြီး ဒါရိုက်တာကြီးအိမ်ကို ရောက်သွားပြီးနောက် အသက်နှစ်ပြန်တိုစေမည့် ချွဲချွဲနွဲ့နွဲ့ကြီးများ အော်ဟစ်ပြောနေရာက အမူးသမားမို့ ခြေမခိုင်ပဲ ခွေးဝတုတ်၏ ကစားစရာကို တက်နင်းမိကာ ချော်လဲသွားခြင်းပင်။

ဒါရိုက်တာကြီးက ကစားစရာတွေကို လိုက်ကောက်နေရင်းပင် သူကိုက အငြိမ်မနေပဲ ဘောလုံးပျော့ပျော့ပိစိလေးအား တက်နင်းမိပြီး ‌တစ်ပတ်လှိမ့်ချော်လဲသွားသည်မို့ ခါး‌နာသွားရသည်ဖြစ်ပြီး
ဟိုနေရာက နာတာကတော့ ချော်လဲသွားသည့်အချိန်‌တွင် ခွေးဝတုတ်၏ ဘာမှန်းမသိသော အရုပ်ကို တက်ထိုင်မိသွားခြင်းကြောင့်သာ။

ဒါရိုက်တာကြီးက ခွေးဝတုတ်အတွက် ဆင်ထား‌ပေးသော  pet camကနေ ရိုက်ထားမိတာကို ပို့ပေးထားသည်မို့။ သေချာ မမြင်ရသော်လည်း သူအရက်မူးနေသောကြောင့် ဖြစ်ရသည် မဟုတ်ပါလား..

သူကသာ အမှားလုပ်ထားသူ ဖြစ်သော်လည်း ထိုနေ့က မနက်နိုးသည်နဲ့ တစ်ယောက်ထဲ ထင်ယောင်ထင်မှားကာဖြစ်ကာ အကျ်ုးအ‌ ကြောင်းတောင်မပြောနိုင်ပဲ ထွက်ပြေးခဲ့သည်လေ။
ထို့အပြင်သူကတောင် ဒါရိုက်တာကြီးကို ပြန်ပြီး ရှောင်‌ဖယ်ရှောင်ဖယ်လုပ်ခဲ့သေးသည်။
ဆော့မင် တကယ်ကို ပြောမပြတတ်အောင်ကို အားနာမိရသည်။

သူကကူညီသည်ကို အထင်လွဲ၍ တစ်ယောက်ယောက်က သူလုပ်သလို တစ်ပုံစံထဲ ပြန်လုပ်လာမည်ဆိုလျှင် ဆော့မင်ကိုယ်တိုင်လည်း ဒေါသထွက်မည်ပင်။

တွေးနေရင်းကို ဒါရိုက်တာကြီးကို အလွန်အားနာမိသည်မို့ သူကပဲ ဒါရိုက်တာကြီး၏ ရုံးခန်းကိုသွားကာ တောင်းပန်လိုက်သည်။

ကိုယ်က အမှားလုပ်မိထားလျှင် ကိုယ့်အမှားကို သိသည်နှင့် အချိန်မဆွဲပဲ တောင်းပန်ရမှာပင်။ ဤသည်က အခြေခံကျင့်ဝတ်ပင်။

ဒေါက် ဒေါက် ဒေါက်
“ဒါရိုက်တာကြီး ကျွန်တော် အဖွဲ့မှုးအီပါဗျ”

“အော..ဝင်ခဲ့ပါ”

“ဗီဒီယိုကို ကြည့်ပြီးပါပြီ‌ဗျ ဒါရိုက်တာကြီး”
“ကျွန်တော် တကယ်ကို အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ”

“အဲ့ဒီ‌နေ့က ကျွန်တော် ဘာတွေလုပ်ခဲ့ခဲ့ တောင်းပန်တဲ့ အနေနဲ့တကယ်လို့ ဒီတစ်ပတ် ပိတ်ရက်အချိန်ရတယ်ဆိုရင် ကျွန်တော် တောင်းပန်တဲ့အနေနဲ့ ထမင်းတစ်နပ်လောက် ဝယ်ကျွေးပါရစေဗျ”

“ညနေ ရုံးဆင်းရင် အချိန်ရှိလား အဖွဲ့မှူးအီ”

“ဟုတ်ကဲ့ ညနေ‌ကျွန်တော် အားပါတယ်ဗျ”

“အဲ့ဒါဆို ဒီနေ့ညနေပဲ ထမင်း ဝယ်ကျွေးလိုက်ပေါ့ အဆင်ပြေတယ်မလား”

“ဒါပေါ့ခင်ဗျာ”

_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_

[Complete] Eternal Cherish💟 (SeokSoo)Donde viven las historias. Descúbrelo ahora