အချစ်ဆိုတာက...?

307 39 2
                                    

ဂျီဆူး၏ ရုံးခန်းထဲတွင် နှစ်ယောက်သား အချိန်အတော်ကြာအောင် ပူးကပ်နေခဲ့ပြီးနောက်တွင် ရုံးဆင်းကြဖို့ ပြင်ရသည်။

အချိန်ကို ကြည့်လိုက်တော့ ၇နာရီတောင် ထိုးနှင့်နေပြီ။

“ကိုကို ကျွန်တော်တို့ အရင်ဆုံး ညစာသွားစားကြရ‌အောင်လေ
ကျွန်တော် စားသောက်ဆိုင် booking လုပ်ထားတယ်ရယ်”

“အင်း..”

“ကိုကို့လက်ပေး..
ကျွန်တော် ကိုကို့လက်ကလေးကို ကိုင်ပြီး သွားချင်လို့”

ဆော့မင်၏ ‌အပြော၌ ဂျီဆူး တစ်ဖန် ရင်ခုန်ရပြန်ပါ၏။

“ကိုကို့လက်လေးတွေက နွေးနွေးလေးနဲ့ သေးသေးလေးတွေ”
“ကျွန်တော်က ရဖို့လည်း ခက်သလို၊ ထားခဲ့ဖို့လည်း မလွယ်ဘူးနော်! ကျွန်တော့်လက်ကို လွှတ်ရဲလွှတ်ကြည့်!!”

“ကိုယ်က ဆော့မင်ရဲ့ လက်ကို ဘယ်တော့မှ လွှတ်လိုက်မှာ မဟုတ်ဘူး အဲ့တာကို ယုံလို့ ရတယ်”

ယခုအချိန်တွင် ကမ္ဘာပေါ်၌ အပျော်ဆုံးလူသားက ဟုန်းဂျီဆူးသာ ဖြစ်လိမ့်ပေမည်။
ပျော်ရွှင်ရလွန်း၍ စကားများပင် ထွက်မလာတော့။
ကားမောင်းနေရင်းတောင် သူ့‌လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားသော အမျိုးသားကတော့ တီတီတာတာများကို မနားတမ်းပြောနေခဲ့ပါ၏။
ဂျီဆူးကတော့ ထိုတီတီတာတာစကားလေးများကို တစ်သက်လုံး နားထောင်ပါရစေဟုသာ ရင်ထဲမှ ဆုတောင်းရင်း လိုက်ပါလာခဲ့သည်။

သေချာသည်ကတော့ သူတို့နှစ်ယောက်လုံး၏ နှုတ်ခမ်းများက ပြုံးနေခဲ့သလို ရင်ခုန်သံများကလည်း ညီမျှစွာ ထပ်တူကျ‌နေခဲ့သည်။
နတ်သမီးပုံပြင်များထဲရှိ ဇာတ်ကောင်မင်းသမီးများက အနမ်းတစ်ပွင့်ဖြင့်ပင် မင်းသားနှင့် တန်းလက်ထပ်ပစ်လိုက်သည့် အကြောင်းအရင်းကို ယခုတော့ ဂျီဆူး နားလည်လာသလိုလိုပင်။

ညနေစာစားပြီးသည့်နောက်တွင်လည်း ဆော့မင်က မခွဲချင်လို့ အိမ်မပြန်ချင်သေးဟုဆိုကာ  နှစ်ယောက်သား Hongdaeဘက်ကို ညဘက်ကြီး အတူသွားကြပြန်သည်။
လူရှုပ်ယှတ်ခတ်နေသည့် မီးရောင်စုံဈေးလမ်းမများပေါ်တွင် နှစ်ယောက်သား လက်ချင်းတွဲကာ ‌ခြေရာချင်းထပ်နေအောင်အထိ လျှောက်ခဲ့ကြသည်။

ဈေးလမ်းမများပေါ်ရှိ သရေစာများကိုလည်း ဗိုက်မပေါက်ထွက်မချင်း ဝင်စားခဲ့ကြသလို၊ စတိုးဆိုင်များ ရှေ့ရှိ အရုပ်ကောက်စက်တွင်၊ လက်ဝှေ့ထိုးသည့်စက်တွင်၊ ကလေးပိစိလေးများ ကစားကြသည့် ငါးကလေးများကို ထုသည့် ဂိမ်းစက်များတွင်လည်း ပိုက်ဆံ အတော် ပြုတ်ခဲ့ကြသည်။ အချင်းချင်း ‘ဒါလေးမဆိုးဘူး’ ‘ဟိုဟာလေးလည်း လိုက်တယ်'ဆိုပြီး အဝတ်အစားများလည်း စိတ်ကြိုက်ဝယ်ခဲ့ကြပါ၏။

ယခုအချိန် ယခုအခိုက်အတန့်လေးထဲတွင်သာ သူတို့နှစ်ယောက်လုံး ပိတ်မိနေသည့်အတိုင်း။

[Complete] Eternal Cherish💟 (SeokSoo)Dove le storie prendono vita. Scoprilo ora