'til we're ninety two

207 27 6
                                    


ဒီနေ့ဟာ ဆောမင်နှင့် ဂျီဆူးတို့၏ ၇နှစ်မြောက် Anniversary နေ့ဖြစ်သည်။
ထို့ကြောင့် ဂျီဆူးလည်း ဆော့မင်မသိအောင် ထူးထူးခြားခြားဖြစ်စေမည့် အရာတစ်ခုကို ပြင်ဆင်ထားပါ၏။
၎င်းကတော့ ဂျီဆူး ကိုယ်တိုင် ဖန်တီးဖော်စပ်ထားသည့် ရေမွှေး‌ပုလင်းလေးပါပေ။ ဆော့မင်နှင့် ချစ်သူဖြစ်ခဲ့ရသည့်အချိန်က ဆောင်းဦးဖြစ်သည့်အတွက် ထိုအချိန်တွေတုန်းက ကောင်းကင်ကြီးက တိမ်ကင်းစင်၍ ပြာလဲ့နေခဲ့ကာ လေထုထဲတွင်လည်း ဆောင်းဦးရာသီ၏ ကြင်လင်မှုများ ရှိနေခဲ့ပါ၏။ ထိုအချိန်အား အမှတ်တရအဖြစ် ပြောင်းလဲကာ ရေမွှေးအဖြစ်သို့ ဖန်တီးထားသည်ပင်။

ဂျီဆူးနှင့် ဆော့မင်နှင့် အတူ dateလုပ်ရင်း ရေမွှေးဖော်စပ်ရသည်ကို တစ်ခေါက်စမ်းလုပ်ကြည့်ရာက မထင်မှတ်ပဲ ဂျီဆူး၏ ဝါသနာအဖြစ် စွဲလန်းသွားမိခြင်း။
ထိုကဲ့သို့ စွဲလန်းသွားရာကနေ တကယ်ကို နှစ်သက်သွားမိသဖြင့် အလုပ်အကိုင်တစ်ခုအနေဖြင့် စတင်ချင်သည်ဟု တွေးလာမိချိန်တွင်လည်း ဆော့မင် ပြောလာသည်က  
“ကိုကို လုပ်ချင်ရင် လုပ်လိုက်။ ဘာပဲဖြစ်ဖြစ် ကိုကိုက လုပ်နိုင်မယ်ဆိုတာကို ကျွန်တော်သိတယ်။
အခုအလုပ်ကြောင့်ဆို စိတ်မပူနဲ့။ ကျွန်တော်က ‌ပိုကြိုးစားပြီး ထောက်ပံ့ပေးမယ်ဗျာ! ကိုကို သဘောကျတဲ့အရာဆိုရင်၊ အမြဲတမ်းလုပ်နေလည်း ဆက်သ‌ဘောကျနေမယ့် အရာဆိုတာ သေချာရင် တွေဝေမနေပဲ လုပ်သာလုပ်”
ဟူ၍ပင်။

တကယ်တော့ ငွေရေးကြေးရေးအရ ထောက်ပံ့မှုက ဂျီဆူးအတွက် မလိုအပ်သော်လည်း စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုကတော့ တကယ်ကို လိုအပ်ခဲ့သည်ပင်။ ပထမဆုံးအနေနှင့် သူလုပ်ချင်သည့် အရာကို ရှာတွေ့ခဲ့သော်လည်း ဂျီဆူးဟာ ကိုယ့်ကိုယ်ကိုယ် အလွန် အိမ်မက်နောက်လိုက်ဖို့အတွက် အသက်ကြီးလွန်းသွားပြီဟု တွေးနေမိခဲ့ခြင်းသာ။
သို့သော်လည်း မိမိအား အမြဲတမ်း တူညီစွာ ပေးအပ်ခဲ့သော ထောက်ခံ‌အားပေးမှုလေး တစ်ခုကနေ ရှေ့ဆက်ဖို့ အင်အားများကို ရရှိခဲ့ခြင်း ဖြစ်သည်။

အိမ်မက်နောက်ကို လိုက်ရသည်ဆိုသည်မှာ တကယ်ကို အခေါက်ပေါင်းများစွာ လဲကျပြီး ကျရှုံးပြီး လမ်းပျောက်ရင်း အဆုံးထိ တောင့်ခံနိုင်မှသာ အိမ်မက်ကို အမိအရ ဖမ်းယူနိုင်လိမ့်မည်က သဘာဝပေ။

ဂျီဆူးကိုယ်တိုင်လည်း အများကြီး လဲကျပြီး ကျရှုံးခဲ့ရပါသည်၊ ဒီဟာက ဆက်လုပ်ဖို့တောင် မှန်ရဲ့လားဆိုတာတောင် တွေးမိသည်အထိပင်။
သို့ပေသိ ဂျီဆူး‌တွင် ကျရှုံးလာချိန်၌၊ လဲကျနေချိန်၌ ခိုနားစရာ ရိပ်မြုံလေးတစ်ခု ရှိနေခဲ့သည်။
ထိုအမျိုးသားက ဘယ်တော့မှ မပြောင်းလဲသော နွေးထွေးမှုမျိုးဖြင့် ဂျီဆူးအား အမြဲတမ်း ထွေးပွေ့ပေးခဲ့သည်ပင်။
ဂျီဆူးက လဲကျနေလျှင် အတူလဲကျပေးပြီး ဂျီဆူး၏ ကျရှုံးချိန်တွင် ဆွဲထူကာ အလင်းရောင်ထဲ သွားခိုင်းသည်ထက် အတူတူ အမှောင်ထုထဲတွင် ရှိနေပေးခဲ့သည်။
ထို့ကြောင့်လည်း ဂျီဆူးတစ်ယောက် အဆုံးထိ တောင့်ခံနိုင်ခြင်း ဖြစ်လောက်ပေမည်။

[Complete] Eternal Cherish💟 (SeokSoo)Donde viven las historias. Descúbrelo ahora