part1

696 40 2
                                    


"အခုစနောက်နေတာတွေရပ်လိုက်လို့ရမလား?... ဒီလိုဟာသတွေကိုငါတကယ်ငြီးငွေ့နေပြီ fourth!... ငါတို့ကသူငယ်ချင်းတွေဆိုရင် သူငယ်ချင်းတွေကြား သင့်တော်တဲ့စကားလုံးမျိုးပဲပြောပေးနိုင်မလား?...မင်းမှာလေးနက်တဲ့စိတ်ခံစားချက်မရှိဘူးဆိုရင် ငါနဲ့မကစားချင်နဲ့"

ရုတ်တရက် အိပ်ယာမှလန့်နိုးလာခဲ့သည်။ငါ​့တစ်ကိုယ်လုံး ချွေးတွေစီးကပ်ပြီး ရင်ဘက်တွေက နိမ့်ချည်မြင့်ချည်နဲ့ ပင်ပန်းစွာနိုးထလာရသည်။

ဒါကအိပ်မက်ပဲ။ မဟုတ်ဘူး။

ငါ့ခေါင်းတွေက ကိုက်ခဲနေတာကြောင့် အခုအခြေအနေကို သေချာသုံးသပ်နိုင်ဖို့အချိန်ခဏယူလိုက်ရသည်။
ဒါက အိပ်မက်မဟုတ်ဘူး။ မနေ့ညက ငါကိုယ်တိုင်ကြားခဲ့တဲ့ စကားလုံးတွေ။

geminiက ငါ့ရဲ့ဝန်ခံမှုကို ငြင်းခဲ့တာ။
အဲ့ဒီ့နောက် ငါအကြာကြီးငြိမ်သက်ပြီး geminiကိုဘာစကားမှမပြောနိုင်တော့ဘဲငါကားကိုခပ်​မြန်မြန်​​မောင်းပြီး geminiရှေ့က လျှပ်စီးလိုအလျှင်နဲ့ ထွက်ပြေးခဲ့တာ။

ပြီးသွားပြီပဲ။ gemနဲ့ငါ့ရဲ့ကြားက သူငယ်ချင်းဆက်ဆံရေးက ပြတ်တောက်သွားခဲ့ပြီ။ အ​​ငြင်းခံလိုက်ရပြီးနောက်မှာ ဘယ်လိုပုံစံမျိုးနဲ့ geminiရှေ့ကိုငါသွားရပါ့မလဲ။ geminiကလည်း ငါ့ကိုတွေ့ချင်တော့မှာမဟုတ်သလို ငါနဲ့ဆက်ဆံရေးကိုလည်း ထပ်ပြီးထိန်းသိမ်းချင်တော့မှာမဟုတ်တော့ဘူး။

ငါမျက်နှာကို လက်နှစ်ဖက်နဲ့အုပ်မိုးကိုင်လိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ နှလုံးသားရဲ့နာကျင်မှုကို သက်သာအောင်ကြိုးစားလိုက်သည်။

ရုတ်တရက် ဖုန်းက မြည်လာသည်။
phi markဆီကဖုန်းမို့ ကိုင်လိုက်သည်။

"Ai fot... မင်းနဲ့geminiနဲ့ဘာဖြစ်ကြတာလဲ?..."

p markရဲ့စိတ်ပူနေတဲ့လေသံက သိသိသာသာ။ ငါနဲ့gemini​က အခုတလော
p'markရဲ့ showတစ်ခုမှာ guestအနေနဲ့ ပါဝင်နေတာမို့ p'markနဲ့ အမြဲတမ်းတွေ့ဖြစ်ပြီး ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးရှိလာသလို p'markက ငါတို့နှစ်ယောက်လုံးကို ဂရုစိုက်ဖို့မမေ့။

"ကျွန်တော်တို့အဆင်ပြေပါတယ် p'mark...geminiတစ်ခုခုအဆင်မပြေလို့လား?"

"fot...Ai gemက မနေ့က ငါ့ကွန်ဒိုကိုလာတယ်...ပြီးတော့ တစ်ညလုံးသောက်နေတာ တားလို့ကိုမရဘူး... ပြီးတော့ ...မင်းကိုမကြိုက်ဘူးဆိုတာချည်းပဲ ရေရွတ်နေတာ...ဒီမနက်ကျ ငါ့ကိုဘာမှမ​ပြောဘဲ အစောကြီးအိမ်ပြန်သွားတယ်...မင်းတို့နှစ်ယောက်ရန်ဖြစ်ထားတယ်လို့တောင်ငါကထင်နေတာ...သူတစ်ခါမှ ဒီလောက်မသောက်ဖူးဘဲနဲ့"

p'markက နာကျင်နေ​ပြီးသားငါ့နှလုံးသားကို ဓားတစ်လက်နဲ့ထိုးဆွ​နေသလိုပဲ။

ငါအကြာကြီးတိတ်ဆိတ်သွားတာကို သတိပြုမိသွားတဲ့ p'markက အားနာသွားပုံရသည်။

"sorry ...fourth...ငါကစိတ်ပူလို့ပါ..မင်းအရမ်းလေးလေးနက်နက်ကြီးမတွေးနဲ့ဦး...geminiနဲ့မင်းကြားပြဿနာရှိနေရင်လည်း အေးအေးဆေးဆေးပြန်ညှိလိုက်ပါ...သူမင်းကိုအကြာကြီးစိတ်မဆိုးနိုင်ပါဘူး"

"ဟုတ်ကဲ့ p'mark...အဲ့ဒါဆိုကျွန်တော်ဖုန်းချလိုက်တော့မယ်နော် phi"

"ok nong...ဂရုစိုက်ဦး"

p'markဖုန်းချသွားပေမယ့် ငါကတော့ငြိမ်သက်နေမိတုန်းပဲ။
ငါ့စိတ်တွေရှုပ်ထွေးနေရာက ဗလာကျင်းသွားသလိုပဲ။
ငါက geminiကိုတစ်ဖက်သတ်သဘောကျနေရတဲ့အခြေအနေကနေ ဖွင့်ပြောလိုက်မိတယ်။ အဲ့ဒီ့နောက် geminiကငါ့ကိုငြင်းခဲ့တယ်။ ဒါပေမယ့် အမှန်တိုင်းဝန်ခံရရင် ငါအနည်းငယ် မျှော်လင့်နေမိတုန်းပဲ။ အခု p'markဆီက စကားတွေကြားလိုက်ရတော့ ငါ့ရဲ့ရှုပ်ထွေးနေတဲ့အမှိုက်လို မျှော်လင့်ချက်တွေက တံမြတ်စည်းတစ်ချောင်းနဲ့ လှည်းကျင်းထုတ်ခံလိုက်ရသလိုပဲ။

geminiက ငါ့အပေါ် တကယ်ပဲ ခံစားချက်မရှိတာလား?

......................................................................

မင်္ဂလာပါ။
lemonadeပါ။ : 3
ချိုချိုချဥ်ချဥ်အရသာတွေ သယ်လာပေးပါမယ်။

FRI(end) Where stories live. Discover now