part5

411 44 6
                                    

ငါတို့နှစ်ယောက်အတူ ရေကူးကန်ရဲ့ ထောင့်စွန်းမှာရပ်နေကြတာ မိနစ်အနည်းငယ်ရှိပြီ။
geminiက ငါ့ကိုစကားပြောရအောင်ဆိုပြီး ဆွဲခေါ်လာပေမယ့် အခုထိ ငါ့ကိုကျောခိုင်းထားပြီး မလှုပ်မယှက်ရှိနေတာကို ငါစိတ်ရှည်စွာနဲ့ စောင့်ပေးနေပေမယ့် အချိန်ဖြုန်းသလို ခံစားလာရသည်။

"gem...ပြောစရာမရှိရင် ငါအခန်းပြန်တော့မယ်"

ငါလှည့်ထွက်သွားဖို့ပြင်တော့ ရုတ်တရက်ငါ့ပခုံးကို လက်နှစ်ဖက်က ထိန်းချုပ်တာခံလိုက်ရသည်။

"ခွန်...ညာတယ်"

geminiမျက်လုံးတွေက မှိန်ဖျော့နေသလို အသံကလည်း တိုးဖျော့နေသည်။

ငါနားမလည်တာကြောင့် gemကို ပြန်မေးဖို့ပြင်လိုက်ပေမယ့် ရုတ်တရက် ငါ့ရင်ဘက်ပေါ် ငိုက်စိုက်ကျလာတဲ့ geminiရဲ့ဦးခေါင်းကြောင့် ငါ ဘာမှ မတုံ့ပြန်နိုင်တော့ဘူး။

"ခွန် ကျွန်တော့်ကိုသဘောကျတယ်ပြောပေမယ့်...ခွန်နှလုံးသားထဲမှာ ဘယ်သူရှိလဲ ခန့်မှန်းလို့မတတ်တော့ဘူး...ခွန် ကျွန်တော့်ကို အမြဲကြိုက်တယ်ပြောပေမယ့် လူတိုင်းကို ရင်ဖွင့်ပေးထားတယ်... ခွန် ကျွန်တော်နဲ့ နီးနီးကပ်ကပ်ရှိနေပေမယ့် အဲ့ဒါက လူတိုင်းနဲ့ ပြုမူတဲ့ပုံစံပဲ... ခွန် ကျွန်တော့်ကို ချစ်တယ်ပြောတယ်..ဒါပေမယ့် လျစ်လျူရှုပြီး ရှောင်နေတယ်....ခွန်ကတကယ်ပဲ ဘယ်လိုလူမျိုးလဲ?...ဘာလို့ကိုင်တွယ်ဖို့ ဒီလောက်ခက်ခဲရတာလဲ?...ဘာလို့ကျွန်တော်နဲ့ကစားချင်နေရတာလဲ?"

geminiအသံက အားအင်မရှိသလိုတိုးဖျော့နေပြီး ခန္ဓာကိုယ်ကလည်း ငါ့ကိုမှီခိုထားပြီး ပြိုလဲတော့မလိုပဲ။

ငါ့ရင်ဘက်တွေစိုစွတ်နေသည်။
ငါချစ်ရတဲ့လူရဲ့မျက်ရည်တွေက ငါ့နှလုံးသားထဲထိအောင် ငိုကြွေးနေသလို ငါနာကျင်နေရသည်။

ငါက ငါ့ပုံစံအတိုင်း ဘာကိုမှမတွေးဘဲပြုမူပြောဆိုလိုက်တဲ့အရာတွေက လေးလေးနက်နက်ခံစားတတ်တဲ့ geminiအတွက် နာကျင်စရာဖြစ်နေခဲ့တာပဲ။
geminiက တစ်ချိန်လုံး ငါ့ဘေးမှာ သူငယ်ချင်းတစ်ယောက်အဖြစ်ရှိနေခဲ့ရာကနေ ရုတ်တရက်ငါဖွင့်ပြောလိုက်တာကြောင့် ဘယ်လောက်တောင်ရှုပ်ထွေးပြီး ခံစားချက်တွေကိုသုံးသပ်ဖို့ ခက်ခဲသွားမလဲ?

FRI(end) Where stories live. Discover now