part6

386 37 0
                                    

ဒီနေ့က ငါ့မွေးနေ့ပဲ။
ငါ့ရဲ့ social account တွေမှာ ငါ့ကိုမွေးနေ့ဆုတောင်းစာတွေ သောင်းချီအောင်ပို့နေကြပေမယ့် ငါမျှော်လင့်နေတဲ့messageလေးတော့မပါလာဘူး။

အရင်​နေ့က pre birthday concertမှာတုန်းက geminiနဲ့နောက်ဆုံးဆုံခဲ့ပေမယ့် ဒီနေ့ ငါ့မွေးနေ့မှာတော့ geminiက ချင်းမိုင်မှာရိုက်ကူးရေးရှိနေတာကြောင့် ငါတို့မတွေ့ရတော့ဘူးလေ။

ငါကဒီနေ့ကိုအများကြီးမျှော်လင့်ထားပြီး
ငါတို့နှစ်ယောက်အတူ အချိန်ကုန်ဆုံးချင်ပေမယ့် geminiရဲ့အလုပ်တွေကိုတော့ ငါမနှောင့်ယှက်ချင်ဘူး။
အဲ့ဒါကြောင့်  geminiကို အတူမရှိလည်း ငါအဆင်ပြေကြောင်း​ပြောခဲ့ပေမယ့် အခုတော့ နောင်တရနေပြီ။

geminiက ငါ့ကို birthday wishစာလေးတောင်မပို့သလို ဖုန်းလည်းမခေါ်၊ igမှာလည်း postမတင်ဘူး။
ငါတကယ်စိတ်ကောက်ချင်နေပြီ။
ချင်းမိုင်မှာတစ်ပတ်တောင်ရိုက်ကူးရေးလုပ်ရမှာမို့ သူတို့နှစ်ယောက် တကယ်တွေ့ဖို့ မဖြစ်နိုင်ဘူး။

"shiyaaa"

ငါအတွေးလွန်ပြီး geminiရဲ့ဖုန်းနံပါတ်ကို မှားနှိပ်မိနေတာကြောင့် ဖုန်းချဖို့ပြင်လိုက်ပေမယ့် တစ်ဖက်ကဖုန်းကိုင်သွားပြီမို့ ငါမတတ်နိုင်တော့။

"Fot... ဘာလိုလို့လဲ?"

"အမ်?...မလိုပါဘူး...ငါဒီအတိုင်းမှားနှိပ်မိတာ..."

"အဟွန်း...ငါ့ကိုလွမ်းနေတာလား?"

ငါရင်ခုန်စွာနဲ့ ငါ့နှုတ်ခမ်းတွေကို ကိုက်လိုက်မိသည်။
မဟုတ်သေးပါဘူး။ ငါအခုစိတ်ကောက်နေတာလေ။

"gem... မင်းတစ်ခုခုမေ့နေတာမဟုတ်ဘူးလား?"

"ဟမ်?...ဘာကိုလဲ?"

"ဒီနေ့က ငါ့မွေး..."

"ဟမ်?...မကြားရဘူး...ကျစ်...လိုင်းမကောင်းဘူးပဲ...ငါဖုန်းချလိုက်တော့မယ်နော် fourth"

ငါဖုန်းကို စိတ်ပျက်စွာကိုင်ထားမိသည်။
အခု ဘယ်သူ့ကိုစိတ်ကောက်ရတော့မှာလဲ?

geminiဆီက birthday wishကိုမရဘဲ ငါတကယ်ဒီနေ့ကိုမကုန်ဆုံးချင်ဘူး။

ting..

p'pamရဲ့ ig update notification ကိုငါစိတိမပါစွာ ဝင်ကြည့်မိတော့ ငါ့မျက်ခုံးတွေ တွန့်ကွေးသွားသည်။

FRI(end) Where stories live. Discover now