"fourth ... တကယ်လို့တစ်ယောက်ယောက်ကိုစိတ်ထဲရှိရင်...ကိုယ်ကအရင်ဖွင့်ပြောမှာလား?....ဒါမှမဟုတ် တခြားပုံစံတစ်မျိုးနဲ့ဖော်ပြမှာလား?"
ငါတို့အခု showတစ်ခုမှာရောက်နေပြီး mcရဲ့မေးခွန်းတစ်ချို့ကို အပြန်အလှန်ဖြေကြားနေရတာဖြစ်သည်။
geminiက တစ်ချိန်လုံး ငါ့မျက်ဝန်းတွေကိုပဲစူးစိုက်ကြည့်နေတာကြောင့် ငါနေရခက်နေတာတော့အမှန်ပဲ။
geminiက activeဖြစ်တဲ့ နဂိုပုံစံကနေ အခုတော့ အရမ်း စိတ်ရှုပ်နေပုံပဲ။
ဘယ်သူမှသတိမထားမိလောက်ဘူးဆိုပေမယ့် ငါကgeminiရဲ့အရာအားလုံးကိုအမြဲ ဂရုစိုက်တတ်သူမို့ အခုလည်း အာရုံစိုက်မိနေသည်။ငါတို့နှစ်ယောက်က နီးနီးကပ်ကပ်ထိုင်နေပေမယ့် နှစ်ယောက်ကြား
လေထုက အေးစက်နေတာတော့အမှန်ပဲ။ငါgeminiကို လျစ်လျူရှုထားဖို့ကြိုးစားပြီးနောက်မှာ chat boxကစာတွေကိုလည်း ဝင်မစစ်တော့သလို geminiကသူနဲ့အတူ ig live joinဖို့ inviteတဲ့ notiတွေကိုလည်း ငါကျော်ပစ်လိုက်သည်။
geminiရဲ့ဖုန်းcallတွေကိုလည်း ငါ့ရဲ့မန်နေဂျာနဲ့ပဲ အကုန်လွှဲအပ်ထားလိုက်သည်။
ဒါကယာယီပဲဆိုပေမယ့် ငါ့စိတ်ကိုပြင်ဆင်ဖို့ သီးသန့် အချိန်လိုအပ်တာတော့အမှန်ပဲ။
ငါတို့နှစ်ယောက်အတူ အလုပ်လက်ခံထားရတဲ့ commercial တွေကိုတော့ ငါရှောင်လို့မရဘူးဆိုပေမယ့် ကျန်တဲ့ ငါ့ရဲ့ကိုယ်ပိုင်အချိန်တွေမှာတော့ geminiကို လုံးလုံးလျစ်လျူရှုနေလိုက်သည်။
အဲ့ဒါက အရမ်းကိုခက်ခဲပေမယ့် ငါတကယ်ပဲ geminiကိုမနှောင့်ယှက်ချင်တော့ဘူး။
ထပ်ပြီးငါက geminiမျက်လုံးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အမှိုက်မဖြစ်ချင်တော့ဘူး။"ကျွန်တော်က ခံစားချက်ကိုရိုးသားတဲ့လူပါ...
ကျွန်တော်သဘောကျတဲ့အခါ သဘောကျကြောင်းပြုမူရတာကြိုက်ပြီး...ဖုံးကွယ်ရတာမျိုးမကြိုက်ပါဘူး...အကယ်၍ ကျွန်တော်သာ တစ်ယောက်ယောက်အပေါ် စိတ်ခံစားချက်ရှိရင်... ဝန်ခံဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး"ငါ လေးလေးနက်နက်နဲ့ mcရဲ့မေးခွန်းကိုပြန်ပြီးဖြေလိုက်သည်။
YOU ARE READING
FRI(end)
Romance"အခုစနောက်နေတာတွေရပ်လိုက်လို့ရမလား?... ဒီလိုဟာသတွေကိုငါတကယ်ငြီးငွေ့နေပြီ fourth!... ငါတို့ကသူငယ်ချင်းတွေဆိုရင် သူငယ်ချင်းတွေကြား သင့်တော်တဲ့စကားလုံးမျိုးပဲပြောပေးနိုင်မလား?...မင်းမှာလေးနက်တဲ့စိတ်ခံစားချက်မရှိဘူးဆိုရင် ငါနဲ့မကစားချင်စမ်းနဲ့"