part8-2

434 34 4
                                    

"sawadee ka gemini"

ငါuniက သူငယ်ချင်းတစ်ယောက်နဲ့ projectအကြောင်းဆွေးနွေးဖို့ mallမှာ အတူရှိနေတုန်း p'pamက ငါ့ကိုလာနှုတ်ဆက်သည်။

"oh...p'pam တစ်ယောက်တည်းလား?"

ငါ့သူငယ်ချင်းက အအေးမှာဖို့ထွက်သွားတာကြောင့် ငါနဲ့p'pamနှစ်ယောက်တည်း အတူရပ်နေမိသည်။

"phi သူငယ်ချင်းပါတယ်...ရုပ်ရှင်ကြည့်ဖို့လေ..."
ငါတို့နှစ်ယောက် စကားပြောနေတုန်း မလှမ်းမကမ်းက ပုံရိပ်လေးကိုမြင်မိတော့ ငါp'pam စကားကိုအာရုံမစိုက်နိုင်တော့ဘဲ လှမ်းကြည့်မိသည်။

အပြာရောင်tshirt၊ jeanအဖြူရောင်ဝတ်ထားတဲ့ fourthက အပြာရောင်ကောင်းကင်ပြင်ကတိမ်စိုင်လေးလိုပဲ ​​​ ကြည်လင်နူးညံ့တဲ့အသွင်အပြင်က ထင်ရှားလို့နေသည်။

တိုက်တိုက်ဆိုင်ဆိုင် fourthကိုတွေ့လိုက်ရလို့ ငါ ပျော်ရွှင်သွားပေမယ့် fourthဘေးကပ်ရပ်က p'dreamကိုမြင်မိတော့ ငါ့မျက်လုံးတွေမှေးမှိန်သွားသည်။

ဘာလို့ p'dreamလဲ?။ သူတို့နှစ်ယောက်ကိုအတူတွဲမြင်ရတာဟာ ငါ့အတွက် မနှစ်မြို့စရာ ခံစားချက်ပဲ။

p'dreamလိုလူက ကြင်နာတတ်ပြီး သဘောကောင်းသည်။ အငယ်တွေကို ဂရုစိုက်တတ်သည်။အထူးသဖြင့် fourthကို။
p'dream ကလူကောင်းဆိုတာသေချာပေမယ့် fourthနဲ့အတူတွဲရှိတိုင်း ငါသဘောမကျဘူး။
ဒီခံစားချက်က တကယ်ပဲ ဘာလဲ?

ငါတို့အကြည့်ချင်းဆုံနေပြီးနောက်မှာ fourthကအရင်မျက်နှာလွှဲသွားသည်။
p'dreamကို စကားလှမ်းပြောပြီးတော့ ငါ့ကိုလုံးဝအာရုံမရှိသလိုမျိုး ကျောခိုင်းလှည့်ထွက်သွားသည်။

"fourth!"

ငါလှမ်းခေါ်ပေမယ့် fourthဟာ လှည့်မကြည့်ခဲ့ပါ။ ငါတကယ် နားမလည်တော့ဘူး။

"p'pam ခွင့်ပြုပါဦး"

ငါအလျင်လိုစွာ နှုတ်ဆက်လိုက်ပြီး fourthနောက်ကိုလိုက်ဖို့ကြိုးစားလိုက်ပေမယ့် fourthရဲ့ကားက မောင်းထွက်သွားပြီမို့ ငါလက်လျှော့လိုက်ရသည်။

......................................................................

ငါအခုတကယ်စိတ်ရှုပ်ထွေးနေပြီ။
fourthရဲ့ ကြည့်ကောင်းတဲ့ မျက်နှာတစ်ခြမ်းလေးကို ငေးကြည့်နေရင်း ငါ့အတွေးထဲမှာရှုပ်ထွေးလို့နေသည်။

FRI(end) Where stories live. Discover now