part 9(end)

442 34 0
                                    

ဘန်ကောက်မြို့ရဲ့ညဟာ မီးရောင်စုံတွေ၊ ကြပ်ညှပ်နေတဲ့ကားတွေ၊ ရှုပ်ယှက်ခတ်နေတဲ့ လူတွေနဲ့ စည်ကားလို့နေသည်။

လမ်းမထက်ပေါ် ​ကျွမ်းကျင်စွာကားမောင်းနေတဲ့ ချောမောတဲ့ကောင်​လေးကို ငါငေးကြည့်မိသည်။

ငါကားမောင်းပေးမယ်လို့ပြောခဲ့ပေမယ့် fourth​ကခေါင်းမာစွာနဲ့ ငြင်းခဲ့တာကြောင့် ငါလက်လျော့ထားရသည်လေ။

ဒီနေ့တစ်နေ့လုံး fourthကတည်ငြိမ်နေတဲ့အသွင်အပြင်နဲ့ တစ်ခုခုကိုလေးလေးနက်နက်တွေးနေတဲ့ပုံပေါ်တာမို့ ငါမနှောင့်ယှက်ချင်ပါ။

လက်ချောင်းလေးတွေ အချင်းချင်းဆုပ်နယ်ပြီး စိတ်လှုပ်ရှားနေတဲ့ပုံပေါ်တဲ့ fourthကို စိတ်ပူစွာ ငါမေး​မြန်းတော့လည်း တိကျတဲ့အဖြေပြန်မပေးခဲ့။

အမြဲတမ်းတက်ကြွပြီးချစ်စရာကောင်းတဲ့ကောင်လေးက ဒီလိုငြိမ်သက်နေတော့ အမှန်တိုင်းပြောရရင် ငါ့ခံစားချက်လည်းမကောင်းပေ။

ရိုက်ကွင်းပြီးတော့ ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးမယ်လို့တစ်ခွန်းသာပြောပြီး အခုထိစကား
မဟလာသေးတာကြောင့် ငါ ဘယ်ကနေ စကားစရမလဲစဥ်းစားနေတုန်း radioက သီချင်းတစ်ပုဒ်ထွက်လာတာကြောင့် ငါပျော်သွားမိသည်။ ဒီနေ့မနက်မှထွက်ထားတဲ့ ငါ့ရဲ့
သီချင်းအသစ် 'too close to handle'က
ငါမြတ်နိုးရတဲ့ ဒီကောင်လေးအတွက်လေ။
ငါပထမဆုံးဆိုပြခဲ့တဲ့လူကလည်း ငါ့ရဲ့ချစ်သူလေးပဲ။သူကငါ့အတွက် ဘယ်လောက်တောင်specialဖြစ်လိုက်သလဲ?

"fourth...ဒီသီချင်းနားထောင်ပြီးပြီလား?... MVရော?"

fourthကခေါင်းတစ်ချက်ငြိမ့်သည်။

"MVရိုက်တုန်းက တကယ်ပင်ပန်းခဲ့တာပဲ...
မနက်၃နာရီမှာ ထပြီး ရိုက်ရတဲ့ scene တုန်းကဆို ငါခေါင်းတွေမူးနေခဲ့တာ... ဒါပေမယ့် p'pamကတော့ energyအပြည့်ဘဲ... ငါ့ထက်တောင်ပိုပြေးနိုင်သေးတယ်... တကယ်တမ်းငါက သူ့လက်ကိုဆွဲပြီးပြေးရတာပေမယ့် p'pamကပဲ ငါ့ကိုဆွဲဲပြီးပြေးနေသလိုပဲ...5555"

ရုတ်တရက် ကားက လမ်းဘေးကိုထိုးရပ်သွားသည်။

ငါfourthရဲ့စိတ်အခြေအနေပိုကောင်းလာမလားမျှော်လင့်ပြီး ဟာသပြောဖို့ကြိုးစားခဲ့ပေမယ့် လေထုက ပိုမိုအေးစက်သွားသည်။

You've reached the end of published parts.

⏰ Last updated: Oct 03 ⏰

Add this story to your Library to get notified about new parts!

FRI(end) Where stories live. Discover now