ရှောင်ကျန့် ရထားပေါ်တွင် ထိုင်နေသော်လည်း အတွေးတွေက
ရိပေ့ါ်ဆီတွင်။သူရိပေါ်ကို ချစ်တာမှန်ပေမယ့် ချစ်သူတစ်ယောက်လို မတွေးဖူးပါ။ဒါပေမယ့် ရိပေ့ါ်အနားရောက်လျှင် ရင်ခုန်သံတွေက မြန်လာတာကိုတော့ သူဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲ မသိပါ။ရှောင်ကျန့် မဖြစ်သင့်သောအတွေးများကို ရပ်လိုက်သည်။ပေကျင်းပြန်ရောက်သည့်တိုင် တစ်နေ့ညကအဖြစ်ပျက်များက ခေါင်ထဲတဝဲလည်လည် ဖြစ်နေတော့သည်။ရှာင်ကျန့် စိတ်အပြောင်းလဲဖြစ်အောင် ပန်းချီအသင်း၀င်လိုက်ကာ၊ကျောင်းကောင်စီကို အကူညီလိုလျှင်အချိန်မရွေးကူညီမည်ဖြစ်ကြောင်းလုပ်အားပေးစာရင်းပေးခဲ့လိုက်သည်။မားက အခါကြီးရက်ကြီးများတွင် ပြန်လာဖို့စာပို့သော်လည်း စာများ၊ကျောင်းကိစ္စများ
နှင့်ရှုပ်နေကြောင်းသာ အကြောင်းပြန်လိုက်သည်။တည်ငြိမ်စပြုနေသည့် ရှောင်ကျန့်ဘ၀ထဲ ရိပေါ်က အထက်တန်းနောက်ဆုံးနှစ်ကို ပေကျင်းကိုပြောင်းလာမည်ဖြစ်ကြောင်း ပါးပို့လိုက်သည့်စာကြောင့် ဗြောင်းဆန်သွားရသည်။ရိပေါ်ရောက်လာရင် သူအနည်းနဲ့အများအနေကျပ်သွားမှာ အမှန်၊။ကျောင်းကအဆောင်သွားနေဖို့လုပ်လျှင်လည်း ပါးတို့က တစ်မျိုးထင်လိမ့်မည်။ရိပေါ်ကတစ်ဇွတ်ထိုးနိုင်ပေမယ့် သူပြေပြေလည်လည်ပြောရင် နားထောင်တတ်သည်မို့၊ ရိပေါ် ဇွတ်တရွတ်နိုင်လာလျှင် သူနဲ့အပြိုင်မပြောဘဲ ဖြောင်းဖြကြည့်မည်။
"သခင်လေးကျန့် သခင်လေး၀မ်လာရင် သခင်လေးဘေးအခန်းကို စီစဉ်ပေးထားရင်အဆင်ပြေမလား။အောက်ထပ်အခန်းတွေက ဧည့်သည်အခန်းတွေဆိုတော့ အခန်းကနည်းနည်းကျဉ်းနေ
မလားလို့ပါ""ဟုတ် အဆင်ပြေသလို စီစဉ်လိုက်ပါ ဒေါ်လေးမိန်"
တစ်ပတ်လောက်နေတော့ ရိပေါ်ရောက်လာသည်။ရိပေါ်က ဆယ်ကျောက်သက်မို့လို့လား၊ပါးနဲ့ တူသည်လား အရပ်ကတစ်ခါတွေ့တိုင်း တစ်ခါထွက်လာသည်။ကြည့်ကောင်းနေကျ မျက်နှာတွင်တော့ ဒဏ်ရာတစ်ချို့ရှိနေသည်။
ရှောင်ကျန့် ရိပေ့ါ်ပါလာသည့်ပစ္စည်းများကို အခန်းထဲကိုဒေါ်လေးမိန်တို့နဲ့အတူ နေရာချပေးလိုက်သည်။၃ခေါက်လောက်သယ်ပြီးတော့ ပစ္စည်းများအကုန်အခန်းထဲရောက်သွားသည်။

YOU ARE READING
Don't Leave Me (Yizhan)
Fiksi Penggemarချစ်ခြင်းတရားကို အဓိပ္ပာယ်ဖော်ဆိုပုံမတူသူတွေရဲ့ ချစ်ခြင်း