Part (22)

143 22 0
                                    

"အဖေ"

"Soonyoung မင်း Moojin ကိစ္စထပ်မေးနေဦးမယ်ဆို အိမ်ပြန်မလာနဲ့တော့"

အိမ်ပြန်ရောက်ရောက်ချင်းမေးလာတဲ့မေးခွန်းက Jihoon အဖေကို ဘယ်သူသတ်လိုက်တာလဲတဲ့။

"ကျွန်တော့်ကို ပြောပြပါ ..... ဒီကိစ္စကို Jihoon မသိခင် ကျွန်တော် သိရမှဖြစ်မယ်"

အကြောက်အကန်ငြင်းနေတဲ့ ဖခင်ဖြစ်သူကို မေးဖို့ လကုန်တာနှင့်ခွင့်ယူလာခဲ့ခြင်းဖြစ်သည်။နေကောင်းတာမှမကြာသေး ဟို Yang Suk ဆိုတဲ့လူကိစ္စကတော့ ရှင်းသွားပြီမို့ Jihoon မိဘတွေ ကိစ္စကို ရှင်းရတော့မည်။

"မင်းမှာ ဒီအဖြစ်အပျက်တွေကို လက်ခံဖို့ သတ္တိမရှိသေးဘူး သား၊ အဖေပြောခဲ့သလို Jihoon အဖေကို သတ်လိုက်တဲ့သူက အဖေဘဲ"

"အဖေ အဲ့လို အဓိပွါယ်မရှိတာတွေ ပြောနေမယ့်အစား ကျွန်တော့်ကို အမှန်တိုင်းပြောပြပေးပါ၊ အဖေက ဘာလို့ Jihoon အဖေကို သတ်ရမှာလဲဘာဆက်စပ်မှုမှ မရှိနေတာကို"

ထိုင်ပြောနေရာမှ မတ်တပ်ထရပ်လိုက်ပြီး မွန်းကြပ်လာတာကြောင့် ဝတ်ထားတဲ့ အနွေးထည်ကို ချွတ်ကာ ခုံပေါ်တင်လိုက်သည်။

"မင်း မယုံလည်း မတတ်နိုင်ဘူး၊ ဒါအမှန်တရားဘဲ ငါ့ကြောင့်သာ မဟုတ်ရင် Moojin သေမှာမဟုတ်ဘူး၊ ငါ့ကြောင့် ၊ ငါသတ်လိုက်မိတာ သူ့ကို"

"ကျစ် ..... အဖေရာ ...... ယုတ္တိမရှိတာတွေ ဒီလောက်ဘဲ ပြောပါတော့ ...... အဖေက Jihoon အဖေကို သတ်လိုက်တယ်ဆို ..... သူ့အမေကကော ...... သူ့အမေကိုကော ဘာလို့ သတ်လိုက်တာလဲ"

".........."

ဖခင်ဖြစ်သူမှာ တိတ်ဆိတ်သွားသည်က ခနက ပြန်ပြောနေတာ သူမဟုတ်သလိုပင်။

"အဖေ ...... ပြောလေ Jihoon အမေကိုကော ဘာလို့လဲ"

"ဖြေစရာမလိုဘူး ........ မင်းက ငါ့သား ..... ဒီတော့ အဲ့အမှန်တရားကို မင်းလက်ခံရမယ် ...... Jihoon နဲ့ ဝေးဝေးနေပါ ....... မင်းကို သူက အန္တရာယ်ဖြစ်စေလိမ့်မယ်"

လို့ ပြောပြီး စကားဝိုင်းမှထကာ အခန်းထဲသို့ ဝင်သွားတော့သည်။

အဖေရာ။ ဘာလို့ ကျွန်တော့်ကို အမှန်တိုင်းမပြေားတာလဲ။ Jihoon မိဘတွေနဲ့ ဘယ်လိုကိစ္စတွေများ ရှိခဲ့လို့လဲဗျာ။ဘာလို့ ကျွန်တော်ချစ်မိနေတဲ့ သူရဲ့ မိဘတွေကိုမှလဲ။ဒါအမှန်ဆိုရင်တောင်အကြောင်းရင်းက ဘာလို့လဲ။ဘာလို့ သတ်လိုက်ရတာလဲ။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now