My Heart is Crying

28 3 3
                                    

Unicode ver

My heart is crying

~~~~~~~~~~~ (μ_μ) ~~~~~~~~~~

"Yeol သား မနက်ဖြန် မင်းnoonaပြန်လာမယ်။ အမေနဲ့အတူလိုက်ခဲ့မယ်မဟုတ်လား"

Chanyeolက ထမင်းစားရင်းမှ အမေဖြစ်သူရဲ့စကားကိုနားစွင့်လိုက်ရင်း ချက်ချင်းခွန်းတုန့်ပြန်လိုက်တယ်။

"Umma သားမလိုက်လို့အဆင်ပြေမလား?
ဆေးရုံကိုရက်ချိန်းပြန်ပြစရာလေးရှိလို့"

ခပ်တည်တည်ပင်ဆိုလိုက်သည်က အမှန်တရားတစ်ခုလိုပင်။

"ဟုတ်သားပဲ သား ဟိုနေ့ကကိစ္စ ummaမေ့နေတာ အင်းအင်း ummaမင်းnoonaကိုပြောလိုက်မယ်"

Chanyeolမှာ အမေဖြစ်သူရဲ့စကားအဆုံး သက်ပြင်းသာခိုးချလိုက်သည်။

သူ့ရဲ့planက noonaရောက်တာနဲ့စပြင်ဆင်ဖို့မဟုတ်လား။ သူကummaတစ်ယောက်တည်းဆိုလျှင်စိတ်ပူရတာမို့ noonaအလာကိုစောင့်နေခြင်းပေ။ ပြီးရင်တော့ သူ့planကိုအကောင်အထည်ဖော်မည်ဖြစ်သည်။

"Umma ကျွန်တော်သွားပြီနော်"

အမေဖြစ်သူကို အလုပ်သစ်ရှာလိုသည်ဟုပြောရင်း သူ့ကိစ္စများကိုအကောင်အထည်ဖော်နေတာကြာပြီဖြစ်သည်။ Baekhyunကိုလည်း တွေ့ရင်း Hannaကိုလည်း သွားကြိုရတတ်သေးသည်။ သူ့planမပြီးမြောက်မချင်း အရင်လိုပုံစံမပြတ်နေနေခြင်းဖြစ်သည်။

သည်ကနေ့တော့ အသိတစ်ယောက်နှင့်ချိန်း၍ နေစရာနှင့်ငွေရေးကြေးရေးကိစ္စများကိုဆွေးနွေးဖြစ်ကြသည်။ မကျွမ်းကျင်သောဘက်ကိုပြောင်းလဲရတဲ့အခါ ကျွမ်းကျင်သူနှင့်တိုင်ပင်သင့်တာမို့ ဒီရက်တွေမှာတိုင်ပင်လိုက် ရှာဖွေလိုက်နှင့်အလုပ်များရ၏။

Noonaပြန်လာတဲ့နေ့တော့ သူခရီးထွက်ဖို့လိုလိမ့်မည်။

ဒါမှသာ သူစီစဉ်ထားသည်များကအဆင်ပြေနိုင်မပြေနိုင်ခန့်မှန်းနိုင်မည်ဖြစ်သည်။

.....

"Jongin yah မင်းChanyeol hyungကိုဘယ်လိုထင်လဲ?"

ထမင်းချက်နေသော Kyungsooက ဧည့်ခန်းထဲတွင် မီးဖိုတိုက်ရင်းTVရှေ့ထိုင်နေ‌သော
Jonginကိုမေးလိုက်ခြင်းဖြစ်သည်။

My Heart is Crying Where stories live. Discover now