My Heart is Crying

61 5 0
                                    

Unicode ver

My heart is crying

~~~~~~~~~~~ (μ_μ) ~~~~~~~~~~

"အဲ့တော့ အကိုတို့နှစ်ယောက်ဘာလုပ်ဖို့ဆုံးဖြတ်ထားကြလဲ?"

Jonginရဲ့ပြောစကားကြောင့်အကုန်လုံးအတွေးကိုယ်စီနဲ့ငြိမ်သက်သွားပြီးမကြာ
လိုက် Chanyeolရဲ့တထစ်ချပြောသံက
ထွက်လာသည်။

"အကို Baekhyunieကိုတာဝန်ယူမယ်"

Chanyeolစကားကြောင့်ကျန်သုံးယောက်ရဲ့
အကြည့်က သူ့ဆီကိုကျရောက်လာကြသည်။

သူတို့အခုရောက်နေတာက Baekhyunရဲ့
တိုက်ခန်း၌ဖြစ်ပြီးChanyeolမှာလဲ Hann‌aကိုခေါ်မည့်ကိစ္စကိုနောက်ရွေ့၍လာ
ခဲ့ခြင်းဖြစ်သည်။

အခုဆွေးနွေးနေသည်မှာလဲ Jonginတို့နှစ်ယောက်က ဗိုက်ထဲက ကလေးလေးအတွက်
ဖြစ်သည်။ အရင်လိုမဟုတ်ဘဲ Chanyeolက
လဲ ကလေးရဲ့ဖြစ်တည်မှုကိုသိနေပြီဖြစ်တာ
ကြောင့် ဒီကိစ္စကိုအရေးတယူဆွေးနွေးနေကြ
ခြင်းဖြစ်သည်။ အရေးမယူ၍လည်းမရ။ ကလေး၏အဖေကChanyeolဖြစ်နေတာ
ကြောင့်ပင်...

ယောကျာ်းလေးကိုယ်ဝန်ဆောင်ကိစ္စကိုခဏ
ဘေးချိတ်ပြီး ဘယ်လိုရှေ့ဆက်မည်ကိုဆွေး
နွေးတော့ ကလေးချစ်တတ်သူပီပီ Chanyeolက ကလေးကိုတာဝန်ယူရန်ဆုံး
ဖြတ်လိုက်သည်လား Baekhyunသံသရဝင်မိပါသည်။

ထို့ကြောင့် Chanyeolကိုသေချာကြည့်လေ
တော့ Chanyeolကသူ့လက်ကိုခပ်ဖွဖွဆုပ်
ကိုင်လာပြီး စကားကိုဆက်သည်။

"အကို့အနေနဲ့ Baekကိုအရင်ကတည်းက
ခွဲချင်ခဲ့တာမဟုတ်ဘူး။ အခုအကိုတို့ရဲ့သွေးသားရှိလာပြီဆိုတော့ ပိုပြီးပြတ်သား
ချင်လာတယ်။ Baek...ကိုယ့်ကိုတာဝန်ယူ
ခွင့်ပေးနိုင်မလားဟင်"

Baekhyunမှာမယုံနိုင်သေးတာ ယခုအချိန်
ထိဖြစ်သည်။ အမေဖြစ်သူကိုမလွန်ဆန်နိုင်လို့ သူ့ကိုလမ်းခွဲသွားတဲ့ ဒီအမျိုးသားက အခုတော့ကလေးကြောင့်သူ့ကိုတာဝန်ယူချင်ပါသတဲ့လားဟူ၍ မယုံနိုင်စွာတွေးမိသည်။

ထပ်ပြီး 'ကလေးကြောင့်ဆိုတော့ကလေးလေးမွေးလာရင် သူ့ကိုပစ်ပယ်သွားလေမလား၊ ဟိုမိန်းကလေးနဲ့မပြတ်မရှင်းဘဲသူ့ကို
တိတ်တဆိတ် ကလေးကိုမွေးခိုင်းလေမလား'
စသဖြင့် အတွေးမျိုးစုံဟာ Baekhyunခေါင်း
ထဲသို့ပြွတ်သိပ်ရောက်လာခဲ့သည်။

My Heart is Crying Onde histórias criam vida. Descubra agora