Unicode ver
My heart is crying
~~~~~~~~~~~ (μ_μ) ~~~~~~~~~~
မိုးလင်းတာနဲ့ အရင်နေ့ကနဲ့မတူBaekhyun
မှာ သီချင်းလေးတအေးအေးနဲ့မနက်စာကို
ပြင်ဆင်နေလေရဲ့Kyungsooတို့နှစ်ယောက်က အိမ်ကိုလာ
မယ်ဆိုလို့ မနက်စာကိုချက်တယ်ဆိုပေမယ့်
အမှန်တကယ်ဆိုရင် အမြဲလာနေကျသူတွေ
အတွက်ဆိုတာထက် မနေ့ကမှပြန်ပေါင်းထုပ်ထားတဲ့ ချစ်သူအတွက်ဆိုတာကို မြင်ရသူတိုင်းသိနိုင်သည်။မနေ့ညက နှစ်ဦးသားစာပို့ကြရင်းChanyeol
ရဲ့ အလုပ်သစ်ရှာနေတယ်ဆိုတာနဲ့ ဒီနေ့သူ့ဆီ
ကိုလာခဲ့မယ်ဆိုတဲ့အကြောင်းကိုသိလိုက်ရ
သည်လေ။သူနဲ့ကလေးလေးအတွက်ကြိုးစားမယ်ဆို
တဲ့Chanyeolစကားကြောင့် သူ့ရင်ထဲဘယ်
လောက်ကြည်နူးခဲ့ရလဲ။ ရူးတယ်ပဲပြောပါစေ။ အချစ်ကိုကိုးကွယ်သူပီပီ ချစ်ရသူကို
ခွင့်လွှတ်ပေးဖို့ ဝန်မလေးမိသူ Yeolကို ယုံတယ်လေ....
မနက်စာတွေပြင်ဆင်ပြီး မောလို့မောတယ်
မတွေးအား Chanyeolဆီကို စာတိုလေး
များပို့လိုက် နာရီကိုကြည့်လိုက်နဲ့ သူ့ရင်ထဲ
မရိုးမရွဖြစ်နေတော့သည်။~တင်း တောင်~
နာရီဝက်လောက်ကြာတော့ တံခါးဘဲလ်သံ
ကြောင့် Baekhyunမပြေးရုံတမယ် တံခါး
စီသို့သွားမိသည်။တံခါးဖွင့်ဖွင့်ချင်းမြင်ရတဲ့ Kyungsooနဲ့
Jonginကိုကျော်၍ နောက်ကပါလာတဲ့
Chanyeolရင်ခွင်ထဲသို့ပြေးဝင်လိုက်သည်
ကြောင့် Kyungsooဆီမှ အံ့ဩသည့်အသံ
ထွက်လာသည်။"အယ် hyung တကယ်ဘက်လိုက်တာနော်"
Jonginက ထိုစကားကိုတဟားဟားရီပြီး
Chanyeolကတော့ ရင်ခွင်ထဲမှာရှက်နေတဲ့
Baekhyunကို ပြုံးပြီးတင်းကြပ်နေအောင်
ဖက်ထားလိုက်တော့တယ်။"ကို့ကိုအဲ့လောက်လွမ်းနေသလား"
Chanyeolရဲ့အမေးကိုကြားတော့ ရင်ခွင်ထဲ
မှာကိုယ်ငွေ့လှုံနေတဲ့Baekhyunက ခေါင်း
ပြုတ်မတတ်ငြိမ့်ပြလာသည်။ ပြီးတော့
Chanyeolရဲ့ ကိုယ်သင့်ရနံ့ကိုတရူံ့ရူံ့နမ်းပြီး
"Yeol အနံ့လေးကြိုက်တယ်"လို့တောင်
ပြောလိုက်သေးသည်။
