My Heart is Crying

115 7 2
                                    

Zawgyi Ver

My heart is crying

~~~~~~~~~~~ (μ_μ) ~~~~~~~~~~

"ဒီကိစ္စကို ငါဘာလို့မသိရတာလဲ? Baek!ပြန်ဖြေလေ!!"
အရေးပေါ်ခန်းအတွင်း အော်လိုက်သောChanyeolရဲ့အသံကြောင့် အနားမှလူများပင်အလန့်တကြားလှမ်းကြည့်နေကြရသည်။

သို့သော် ကာယကံရှင်Baekhyunကတော့မျက်လွှာကိုချထားဆဲ၊ ငြိမ်သက်စွာနဲ့အသက်ကို
ဖြည်းဖြည်းမှန်မှန်ရူနေသည့်ပုံစံဖြင့်နွမ်းလျလျရှိနေ၏။

"Baek...."

ဆေးရုံကုတင်ပေါ်ကကောင်လေးရဲ့ပုံစံကိုကြည့်မိမှ မိမိ၏အမှားကိုနားလည်သွားသည့်ပုံဖြင့် လေသံကိုလျော့ကာChanyeolခေါ်လိုက်လေမှ ကုတင်ထက်မှကောင်လေးက အသာမော့ကြည့်လာ၏။

"Yeol...."

Chanyeolက ကုတင်ဘေးကိုတိုးကပ်သွားပြီး Baekhyunရဲ့ခေါင်းလေးကိုအသာပွတ်သက်ပေးခါမှ ကောင်လေးထံမှအသံသေးသေးလေးထပ်ထွက်လာ၏။

"ကလေးလေးကို ဖျက်ချလိုက်ရမလားဟင်?"

အားနည်းသောလေသံဖျော့လေးတစ်ခုပင်ဖြစ်သော်လည်း ကြားကြားခြင်းChanyeolရဲ့မျက်ဝန်းအစုံက အံ့ဩမှုများဖြင့်ပြူးကျယ်သွားရ၏။

"Baek...baek... မင်း   မင်းကွာ..."

"Yeol...က မကြာခင်လက်ထပ်တော့မှာလေ။
ပြီးတော့...... ဒီကလေးက Yeolဘဝအတွက်အမှားတစ်ခုဖြစ်လာမှာ..."

မျက်ဝန်းထဲမှာမျက်ရည်စတွေနဲ့ သူ့ဗိုက်လေးကို
သာသာဖိပြီးပြောလာတဲ့Baekhyunကြောင့် Chanyeolမှာမျက်ရည်မခိုင်နိုင်တော့...

"Bae... "

ကုတင်ပေါ်ကကောင်လေးကိုသူ့ရင်ခွင်ထဲကိုသွင်းပြီးတရူံ့ရူံ့ငိုကာ "မလုပ်ပါနဲ့ကွာ ငါတို့ကလေးလေးလေကွာ"ဆိုတဲ့စကားကိုတတွတ်တွတ်ပြောနေလေရဲ့။

Baekhyunပင် Chanyeolရဲ့ငိုသံကြားတော့ Chanyeolရင်ခွင်ထဲကနေမှ

"Yeol... မငိုပါနဲ့... Yeolငိုရင် ..."

တအိအိနဲ့ ငိုနေတဲ့ကောင်လေးကိုChanyeolမှာတင်းတင်းသာဖက်ထားလိုက်မိတယ်။သူ့ရင်ထဲမှာလဲသူ့ကိုယ်သူအပြစ်တင်စိတ်များ၊ အားမလိုအားမရစိတ်များဖြင့် ပူလောင်လို့နေလေပြီ။

My Heart is Crying Tempat cerita menjadi hidup. Temukan sekarang