My heart is crying
~~~~~~~~~~~ (μ_μ) ~~~~~~~~~~
Flashback start
....
ကလင် ကလင်!!
နာရီသံကြောင့်Baekhyunအိပ်ရာပေါ်ကနေအမြန်ထ
လိုက်မိတယ်ဒီနေ့က အထက်တန်းနောက်ဆုံးနှစ်ပထမဆုံးကျောင်းတက်
ရမယ့်ရက်ပဲ!နာရီနိုးစက်ကိုနောက်ကျမှပေးထားမိတာလား သူပဲနောက်ကျ
နေလို့လားတော့မသိဘူးနာရီလက်တံက ၉နာရီကိုညွှန်ကြနေတယ်
ဒါကြောင့် ကျောင်းသွားဖို့ကိုBaekhyunအသည်းအသန်
ပြင်ရတော့သည်။၁၀မိနစ်လောက်နဲ့အပြီးပြင်ပြီး နို့ဗူးတစ်ဗူးကိုပါးစပ်ကကိုက်
ကာစက်ဘီးနဲ့ကျောင်းကိုထွက်လာရတော့သည်။ပထမဆုံးနေ့နောက်ကျရင် ကာယဆရာMr.Kimက
အပြစ်ပေးတာကိုခံရမည် အပြစ်ပေးလျှင်လဲညနေဘက်
ကျောင်းဆင်းချိန်မှလုပ်ရတာများတော့ သူ့အချိန်ပိုင်းအလုပ်
တွေနောက်ကျသွားနိုင်သည်။ဒါဆို သူအလုပ်မှာဆူခံရလိမ့်
မည်လေ။အဲ့ဒါကြောင့်လဲ သူအမြဲကျောင်းနောက်မကျအောင်သွားသည်။
အခုတော့ နိုးစက်ကျေးဇူးနဲ့အသေမောင်းရတော့သည်။
~ကလင် ကလင် ကလင်~
တွေ့သမျှလူတွေကိုရှောင်နေရတာကြောင့်ခရီးကထင်
သလောက်မရောက်ဖြတ်သွားတဲ့လမ်းတစ်လျှောက်ကလူတွေသူ့ကိုဆဲဆိုသွား
တာတောင်ဂရုမစိုက်အား အတင်းနင်းနေရတယ်ဒါပေမယ့် တနေရာအရောက်မှာပေါ့
"ဟေ့ ဟေ့လူ!!"
နင်းနေရင်းဘယ်ကိုချိုးလိုက်တော့ လျှောက်လာတဲ့သူကို
ရုတ်တရက်မရှောင်အားတာကြောင့် Baekhyunထိုလူကို
တိုက်မိသွားတော့သည်။"အား!"
လူရော စက်ဘီးပါလှဲသွားတဲ့အပြင်တိုက်ခံရတဲ့လူလည်း
ကြမ်းပြင်မှာပက်လက်
