Chapter - 13

124 23 0
                                    

[Unicode]
Chapter 2598: နင် ဘယ်လို ဆေးအမျိုးအစားတွေ ဝယ်ခဲ့တာလဲ?

နဉ်ရှု အဓိကအဆောင်ဆီရောက်သွားတော့ ကိုယ်လုပ်တော်ယန်က မှောင်မည်းနေတဲ့အမူအရာရှိနေကာ မျက်နှာအရောင်လည်း မကောင်းဘဲ အမှီထိုင်ခုံမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ ကိုယ်လုပ်တော်ယန်က အားကြီးနဲ့ နဉ်ရှုကို စိတ်ရှုပ်ဖို့ကောင်းတဲ့ဖြူကောင်တစ်ကောင်အလား ကြည့်လာသည်။

နဉ်ရှု ချက်ချင်းပဲ ခေါင်းငုံ့လိုက်ကာ ဒူးညွှတ်ပြီး အရိုအသေပေးလိုက်သည်။

"အရင်တစ်ခေါက်က နင်ဘာဆေးတွေဝယ်ခဲ့ပြီး ဘယ်မှာဝယ်ခဲ့တာလဲ?"

ကိုယ်လုပ်တော်ယန်က တင်းမာနေတဲ့ လေသံနဲ့ မေးလာသည်။

ကိုယ်လုပ်တော်ယန်ရဲ့အသံကြောင့် သူမက စိတ်သောကရောက်နေကာ စိတ်မရှည်နေဘူးဆိုတာကို နဉ်ရှု ပြောနိုင်သည်။

လုမင်းရှန်က တကယ်ကြီး အတော်လေးပြင်းထန်တဲ့ ပြသနာထဲ ရောက်နေတာဖြစ်ရမယ်လို့ နဉ်ရှုတွေးလိုက်မိသည်။

"ဒီသမီးက ဝမ်းဗိုက်နာကျင်မှု့အတွက် ကုသပေးတဲ့ဆေးကို ဝယ်ခဲ့ပြီး ကျီရှီဟောခန်းကနေ ဝယ်ယူခဲ့တာပါ။"

[T/n: ဆေးခန်းနာမည်ပါ]

နဉ်ရှုက ကိုယ်လုပ်တော်ယန်ရဲ့ မေးခွန်းတွေကို ဖြေလိုက်သည်။

"ဒါက နင်ဝယ်လာသမျှ အကုန်ပဲလား?"

ကိုယ်လုပ်တော်ယန်က နဉ်ရှုကို စူးစိုက်ကြည့်ကာ အစေခံတစ်ယောက်ကို ကျီရှီဟောခန်းက သမားတော်တစ်ယောက်ကို သွားခေါ်ခိုင်းလိုက်သည်။ နဉ်ရှုက သူမပြောခဲ့သလို ဝမ်းဗိုက်အတွက်ဆေးတစ်မျိုးပဲ ဝယ်ခဲ့တာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို အတည်ပြုဖို့ရာ ဖြစ်သည်။

နဉ်ရှု ကျိတ်ပြီး သက်ပြင်းချလိုက်တယ်။ တစ်ခုကောင်းသွားတာက နဉ်ရှု ကျန်တဲ့တစ်ခြားဆေးတွေကို မတူညီတဲ့ဆေးဆိုင်တွေကနေ ဝယ်ခဲ့တာဖြစ်ပြီး သူမကို ပြသနာထဲ ဆွဲထည့်ခံရမှာကို ပူစရာမလိုတော့။

ခဏကြာပြီးနောက်မှာ အစေခံက ကျီရှီဟောခန်းက သမားတော်ကို ခေါ်ယူလာခဲ့သည်။ ကိုယ်လုပ်တော်ယန်က သမားတော်ကို မေးခွန်းအချို့မေးခဲ့ကာ သမားတော်ကို နဥ်ရှု့ဆီမှာကျန်နေတဲ့ ဆေးအကြွင်းအကျန်အချို့ကိုတောင် အနံ့ရှုကြည့်ခိုင်းခဲ့သည်။ ဒါက သာမာန် အကိုက်အခဲပျောက်ဆေးပဲ ဟုတ်၊မဟုတ်ဆိုတာကို သိနိုင်ဖို့ဖြစ်သည်။

နဥ်ရှု Reborn Legitimate Daughter (Realm-42) [Completed]Where stories live. Discover now