Chapter - 44

116 21 4
                                    

[Unicode]
Chapter 2629: အရာအားလုံးကို အောက်ခြေမှာဖိသိပ်ထားတယ်...

သူရဲဘောကြာင်ဆန်မှု၊ အထိခိုက်မခံမှု၊ သနားစရာကောင်းမှုတွေ။

နဉ်ရှုရဲ့အမြင်ဘက်ကနေ ပြုမူဆက်ဆံပုံတွေနဲ့ အကွာကြီးကွာနေခဲ့သည်မှာ လုယုကျင်းက နဉ်ရှုက သူမကို အထင်တသေးနှိမ်ကြည့်သည်လို့ထင်နေခဲ့ပြီး သူမစိတ်ထဲမှာ အငြိုးတရားတွေကိုသိမ်းဆည်းထားခဲ့တာသာ ဖြစ်သည်။

လုယုကျင်းက သူမ မကျေနပ်တာတွေကို ထုတ်ပြောလိုက်မဲ့အစား သူမက ခံစားရသမျှအရာအားလုံးကို အောက်ခြေထဲမှာပဲဖိသိပ် ထိုးထည့်ထားခဲ့သည်။

လုကျန်းနင်းကို စိတ်ကျေနပ်အောင်လုပ်နေတာကနေပြီး လုယုကျင်းက သူမရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်မဲ့ အခွင့်အရေးကိုရှာတွေ့သွားနိုင်ခဲ့တာလား?

လုယုကျင်းလက်ထပ်လိုက်တဲ့ လီယုက ဒီတိုင်းကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ယောက်ျားတစ်ယောက်ပုံပေါ်သည်။ အနည်းဆုံးတော့ သူ့မှာ ချောမောတဲ့ရုပ်ရည်လေးရှိနေတယ်လေ ဒါပေမဲ့ သူက မိန်းကလေးတွေအပေါ်မှာ စိတ်ဝင်စားမှုတစ်စက်မှ ရှိမနေတာဖြစ်သည်။

လီယု လက်ထပ်ရတဲ့အကြောင်းအရင်းကလည်း သူကသာမာန်ယောက်ျားတစ်ယောက်လို ပုံမှန်ဖြစ်ကြောင်းပြဖို့ လိမ်လည်လှည့်စားမှုတစ်ခုသာဖြစ်ပြီး နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ စိတ်စွဲလမ်းမှုအချို့ကရှိနေတာဖြစ်သည်။

လူတိုင်းလူတိုင်းက လီယုကို အမှန်တကယ်ကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်ဆိုပြီးတော့ ယုံကြည်နေကြသည်။

နဉ်ရှု ဒါမျိုးအကြာင်းအရာတွေကို လုယုကျင်းကို ပြောပြလိုက်ဖို့အတွက် စိတ်ကူးမရှိလေဘူး။ လုယုကျင်းကို သူမရဲ့ယောက်ျားက လိင်တူစိတ်ဝင်စားမှုအပေါ်မှာ ယိမ်းယိုင်နေပါတယ်ဆိုပြီး ထုတ်ဖော်ပြောပြဖို့ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

တကယ်လို့ နဉ်ရှုပြောပြခဲ့ရင်တောင်မှ လုယုကျင်းက သူမပြောပြတာတွေကို ယုံမှာမဟုတ်ဘူး။ အဲ့ဒီအစား လုယုကျင်းက သူမကို နဉ်ရှုကလာပြီးစော်ကားနေတယ်လို့ထင်သွားနိုင်ပြီး နဉ်ရှုကမနာလိုဖြစ်တာကြောင့် ဒါမျိုးတွေလျှောက်ပြောနေတယ်ဆိုပြီး စွပ်စွဲမှာသာ ဖြစ်သည်။

နဥ်ရှု Reborn Legitimate Daughter (Realm-42) [Completed]Where stories live. Discover now